Social
ချင်းပြည်နယ်ရှိ တီးတိန် ၊ မတူပီ နှင့် ပလက်ဝ မြို့ ၃ မြို့ကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပေးရန် စီစဉ်နေ
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)
ချင်းပြည်နယ် အတွင်းရှိ တီးတိန်မြို့၊ မတူပီမြို့နှင့် ပလက်ဝမြို့တို့ကို ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် စီစဉ် နေကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ထံမှ သိရသည်။
ထို့အတူ မဟာ ဓာတ်အားလိုင်း ရောက်ရှိရန် အလှမ်းဝေးသည့် မြို့များအနက် ရေဇွာမြို့၊ ရိခေါဒါရ်မြို့၊ တွန်းဇံမြို့နှင့် ကျီခါးမြို့များအတွက် ရေအားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အသေးစား ရေအားလျှပ်စစ်စက်ရုံ သုံးခုကို ယခု ဘဏ္ဍာနှစ်မှ စ၍ တည်ဆောက်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ ခိုင်ကမ်းမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များသို့ လျှပ်စစ် ဓာတ်အား ပို့လွှတ် ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်အတွက် ရန်ပုံငွေကျပ် ၁၂၇၈ဝ၈ ဒသမ ၄ဝ၆ သန်းရရှိခဲ့သည့်အနက် ငွေကျပ် ၁၁၄၃၆ ဒသမ ၄၈၁ သန်း ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအတွက် ခွဲဝေ ချထား ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)