Connect with us

Social

နှစ်လယ်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ နှစ်လယ်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပမှ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများက ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများကို JobNet.com.mm နှင့် ရိုလင်ဘာဂျာတို့က အသေးစိတ်လေ့လာထားသည့် အစီရင်ခံစာများဖြင့် ဆွေးနွေးတင်ပြခဲ့ကြသည်။ မြန်မာနိုင်ငံ၌ အခြေစိုက်သည်မှာ သုံးနှစ်ပြည့်ခဲ့ပြီဖြစ်သည့် JobNet.com.mm မှ စုဆောင်းထားသည့် သန်းပေါင်းများစွာသော အချက်အလက်များကို အခြေခံ သုံးသပ်ထားသည့် အစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့သည်။

JobNet.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ မတ်ဒီလူကာ(Matt De Luca) က“ကျွန်တော်တို့အနေနဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အလေ့အထကောင်းတွေ မြန်မာနိုင်ငံမှာတိုးတက်ထွန်းကားလာဖို့ ပြ ပြင်းပြင်းပြပြ မျှော် လင့်ထားပါတယ်။ ဒါကြောင့်လည်း ယခုလို လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အချက်အလက်တွေကို အသေးစိတ် လေ့လာဆန်းစစ်ပြီး အစီရင်ခံစာတွေကို ထုတ်ပြန်ရတာလည်း ဖြစ်ပါတယ် ” ဟု ပြောသည်။

နှစ်လယ်လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပစဉ် (ဆင်ဟွာ)

၎င်းအစီရင်ခံစာတွင် အလုပ်လျှောက်ထားမှုအများဆုံး အလုပ်နေရာ၂၀ စာရင်းတွင် စာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာ အလုပ်နေရာ အတွက် လျှောက်ထားမှုအများဆုံးဖြစ်ခဲ့ပြီး ကုန်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ အလုပ်နေရာ အတွက် အလုပ်လျှောက်ထားမှု အနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်လျှောက်ထားမှု အများဆုံးဖြစ်သည့် စာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာ အလုပ်နေရာ တွင် အမျိုးသမီးများ လျှောက်ထားမှု အများဆုံးဖြစ်ပြီး ထိုအလုပ်နေရာ ၏ ၉၀ ရာခိုင်နှုန်းကို အမျိုးသမီးများ လျှောက်ထားကြကြောင်း သိရသည်။

အဆိုပါ Job.net.com.mm မှ ပြုလုပ်သော သုတေသနအစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ကျွမ်းကျင်လုပ်သားများ ရှာဖွေရန် နှင့် ရရှိရန် ခက်ခဲသည့် စိန်ခေါ်မှု၊ အဆိုပါ အရည်အသွေးမြင့် အလုပ်သမားများ အတွက် လုပ်ခနှုန်းများ မြင့်မားမှု၊ ကုမ္ပဏီအများစုတွင် ကျွမ်းကျင်ဝန်ထမ်းများ ရှားပါးမှု၊ အဆိုပါ အခက်အခဲများမှ မြန်မာ့စီးပွားရေးလုပ်ငန်းများ ကျော်လွှားနိုင်မည့် လမ်းကြောင်းများ နှင့် ပတ်သက်၍ ပြုစုတင်ပြထားသည်။

ထို့ပြင် အစီရင်ခံစာ ၌ မြန်မာနိုင်ငံအတွင်း အလုပ်သမားဈေးကွက်လိုအပ်မှုများ၊ အလုပ်သမားလျှောက်ထားမှုများ၊ လစာအပြောင်းအလဲများ နှင့် ပတ်သက်၍ ကဏ္ဍအလိုက် ၊ လုပ်ငန်းအလိုက်၊ အမျိုးသား၊ အမျိုးသမီး များ အလိုက် ဖြစ်ပျက်နေမှုများ၏ နောက်ဆုံးအခြေအနေများ ကို အသေးစိတ် သုတေသနပြုလုပ်ထားကြောင်းကိုလည်း တွေ့ရှိရသည်။

လွန်ခဲ့သည့် ၆ လအတွင်း အလုပ်ခေါ်ယူသည့် ကြော်ငြာများမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် ၃၀၀၀ ခန့် ရှိကြောင်း နှင့် အလုပ်လျှောက်ထားသူပေါင်း ၆၁၅,၅၁၉ ဦးရှိကြောင်း အစီရင်ခံစာကဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.