Connect with us

Social

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း တွင် တစ်ရက်လျှင်ရထားစီးနင်းသူ ၄၀၀၀ ဝန်းကျင်သာ ရှိဟု ဆို 

ရထားစီးနင်းရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

န်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) 

ယခင်က မြို့ပတ်ရထားစီးနင်းသူ တစ်ရက်လျှင် ၁၈,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ COVID-19 ရောဂါအခြေအနေကြောင့် Stay at Home များ လုပ်ထားသည့်အချိန် တွင် တစ်ရက်လျှင်ရထားစီးနင်းသူ ၄,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၆) မှ တာဝန်ရှိသူ ဦးချစ်ကိုကို က ပြောကြားသည်။ 

“စီးနင်သူကျတာတော့ မပြောနဲ့။ ကျွန်တော်တို့ ကလည်း မြို့ပတ်ရထားတွေ ကို မနက်ရုံးတက်ချိန် နဲ့ ညနေ ရုံးဆင်းချိန် လောက်ပဲ ပြေးဆွဲတော့တယ်။ ရထားအစီးရေ လျှော့ပြေးဆွဲသလို စီးနင်းသူလည်း သိသိသာသာလျော့သွားတယ်’’ ဟု ၎င်း ကဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ၌ မြို့ပတ်ရထားများအား ရန်ကုန်-လှော်ကားလမ်းပိုင်း၊ ရန်ကုန်-မင်္ဂလာဒုံလမ်းပိုင်း နှင့် ရန်ကုန်-ရွာသာကြီးလမ်းပိုင်းတို့တွင် နံနက်ပိုင်း ရုံးတက်ချိန်ရထား နှင့်  ညနေ ရုံးဆင်းချိန်အတွက်သာ နေ့စဉ် စုစုပေါင်း ၂၆ ခေါက် ဖြင့်  ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။  (Xinhua)