Connect with us

Social

သမိုင်း ဆိုင်ရာအထောက်အထားများ ပြုစုရေးသားရာတွင် ဖြစ်ရပ် မမှားရေးသားရန် လိုဟုဆို

မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန် အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာ သမိုင်းအဖွဲ့သာမက သမိုင်း သုတေသနအဖွဲ့အနေဖြင့် သမိုင်း ဆိုင်ရာ အထောက်အထားများ ပြုစုရေးသားရာတွင် ဖြစ်ရပ်မချန်၊ ဖြစ်ရပ်မှန်၊ ဖြစ်ရပ်မကျန်၊ ဖြစ်ရပ် မမှားရေးသားရန် လိုအပ်ကြောင်း မြန်မာသမိုင်း အဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သမိုင်းပညာရှင်များအနေဖြင့် မျိုးဆက်သစ်ပညာရှင်များ မွေးထုတ် ပေးခြင်းဖြင့် သမိုင်းအမွေ လက်ဆင့်ကမ်း ဆောင်ရွက်ပေးမှု ဖြစ်ကြောင်း၊ ပြည်တွင်းစာတမ်း ဖတ်ပွဲများ၊ နိုင်ငံတကာစာတမ်း ဖတ်ပွဲများကို နှစ်စဉ်ကျင်းပပေးခြင်း ဖြင့်လည်း သမိုင်းသုတေသနဌာန၏ အမှုထမ်း၊ အရာထမ်းများ၏ အရည်အသွေး တိုးတက်မှုများ ဖြစ်ပေါ်အောင် ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ဆိုသည်။

မြန်မာသမိုင်း ဖြစ်ပေါ်လာစေရန် အထောက်အကူ များစွာဖြစ်ပေါ် စေခြင်းတို့အပြင် နိုင်ငံတော်အတွက် လိုအပ်သော သမိုင်းဆိုင်ရာ အထောက် အထားများကို အထောက်အပံ့ပေး နိုင်သည့် အနေအထားများ ဖြစ်ပေါ် နိုင်ကြောင်း ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

မြန်မာသမိုင်းအဖွဲ့ လစဉ်ပုံမှန် အစည်းအဝေး(၂/၂ဝ၁၈)ကို မတ် ၁၉ ရက်နေ့ နံနက် ၁ဝ နာရီခွဲတွင် သမိုင်း သုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ပညာဆောင် ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာသမိုင်းအဖွဲ့ဝင် များက လုပ်ငန်းဆောင်ရွက်ချက် များကို အပြန်အလှန် ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.