ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁ ရက်ညနေပိုင်းတွင် ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ၁၁ ပွဲဆက်အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ၃ ခုအတွက် ပြည်တွင်းပြည်ပခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက် တွင်ပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပမည့် ပရိသတ်မပါသောနိုင်ငံတကာလက်ဝှေ့ပွဲစဉ်ဖြစ်သည့် WLC -14 Lethwei Showcase ပြိုင်ပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး၊ မြန်မာကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ကမ္ဘာ့နိုင်ငံ့လက်ရွေးစင်အသင်းအသီးသီး ၏ စက်တင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အား ထုတ်ပြန်ရာတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ကမ္ဘာ့အဆင့် အဆင့် ၁၃၆ မှ အဆင့်၁၃၅ တွင် သို့ အဆင့်တစ်ဆင့် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်အတွင်း ကျင်းပရန်စီစဉ်ထားသော တိုင်းဒေသကြီး နှင့် ပြည်နယ် ယူ-၁၄ လူငယ်လိဂ်ပြိုင်ပွဲကို COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ် တွင် ပြောင်းလဲကျင်းပရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ အနေဖြင့် နှစ်ကုန်ပိုင်းမှသာ ပြန်လည် လေ့ကျင့်နိုင်တော့မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ သြဂုတ် ၂၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလဖြစ်သော သြဂုတ် ၂၂ ရက်တွင် ပြန်လည်ကျင်းပမည့် Myanmar National League -1 အမှတ်ပေးဘောလုံးပြိုင်ပွဲ လက်ကျန်ပွဲစဉ်များတွင် ယခင်က ကွင်းထဲသို့ ဘောလုံးအသင်းတစ်သင်းလျှင် လူ၃၀ ဦးခန့်ဝင်ခွင့်ပြုခဲ့သော်လည်းယခု လူ၂၃ ဦးသာ ဝင်ခွင့်ပြုပြီး...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည် ကျင်းပနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Myanmar National League (MNL) အသင်းများ ၏ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမား နှင့် ဒိုင်လူကြီး စုစုပေါင်း ၃ဝဝ ကျော်ကို...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) လက်ရွေးစင်အသင်း အဆောင်များ၌ Quarantine ထားရှိသည့် Myanmar National League (MNL) အသင်းရှစ်သင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ပိုင် လေ့ကျင့်ရေးကွင်း ငါးကွင်း၌ အလှည့်ကျအခမဲ့ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာဦးဇော်မင်းထိုက်က ဆင်ဟွာသို့ သြဂုတ် ၁၃...