ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၂ အသင်း၌ ခြေစွမ်းပြကစား ခဲ့သည့် တောင်ပံကစားသမား မြတ်ကောင်းခန့်သည် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တစ်နှစ်တာ ဘောလုံး အကောင်းဆုံးဘောလုံး ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် (၆) ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိပြီး မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အသင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက်အထိ ရွှေ ၁ ခု၊ ငွေ ၅ ခု...
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ၂၀၁၉ ဗီယက်နမ်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ဘောလုံး အသင်းနှင့် အတူ နိုင်ငံတကာ ဘောလုံးအသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ရရှိခဲ့ကြောင်း အားကစားနှင့်ကာယ ပညာ ဦးစီးဌာန ၏ ထုတ်ပြန်မှု အရ...
ရန်ကုန်၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပွဲ၊ အမျိုးသားယူ ၂၂ ဘောလုံး ပြိုင်ပွဲတတိယ နေရာလုပွဲကို မြန်မာအမျိုးသား ယူ၂၂ အသင်း နှင့် ကမ္ဘောဒီးယားအမျိုးသား ယူ၂၂ အသင်းတို့ဒီဇင်ဘာ ၁၀ရက် ကယှဉ်ပြိုင်ကစားခဲ့ကြသည်။
ရန်ကုန် ၊ ဒီဇင်ဘာ (၁၀ရက်) အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်၏ ဒီဇင်ဘာ ၁၀ရက် နံနက်ပိုင်းအထိ ဆုတံဆိပ်ရရှိမူမှာ ရွှေ (၃) ၊ငွေ (၁၈)၊ကြေး (၄၈) ခု ဖြစ်ပြီး စုစုပေါင်းဆုတံဆိပ် (၆၉) ရရှိပြီး၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် အဆင့်(၈) နေရာတွင်ရပ်တည်နေကြောင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော်အားကစားနည်းမှ ရရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။