Connect with us

Sport

မြန်မာနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးဘောလုံးအသင်းများ အောက်တိုဘာတွင် ခြေစမ်းပွဲကစားမည်

အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီး အသင်းတို့ အောက်တိုဘာလ တွင်ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တို့၏ ညှိနှိုင်းမှုအရ ယင်းခြေစမ်းပွဲများကို အောက်တိုဘာ ၁၁၊ ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့သို့မဟုတ် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အောက်တိုဘာ ၂၇ ရက် မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ခ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(က)တွင်မူ အိမ်ရှင် ထိုင်း၊ မြောက် ကိုရီးယား၊ သြစတြေးလျနှင့် ဗီယက်နမ်အသင်း တို့ ပါဝင်နေကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်မှစ၍ လေ့ကျင့်လျက်ရှိပြီး လက်ရှိတွင် ပဏာမ ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ကစားသမားအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ် သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြည်တွင်းခြေစမ်းပွဲ များကစားကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.