ဘန်ကောက် ၊ မေ ၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ဦးဆောင်သည့် COVID-19 ရောဂါ ကူးစက်ခံထားရသူအား အနံ့ခံထောက်လှမ်းသည့် ခွေးဖြင့် စစ်ဆေးမည့် သုတေသနစီမံကိန်းအရ Labrador Retriever အမျိုးအစား အနံ့ခံထောက်လှမ်းပေးသော ခွေး ၆ ကောင်သည် မေလ မှ စတင်၍...
ဂျေရုဆလမ်၊ မေ ၁ ရက် (ဆင်ဟွာ) ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်များကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်ဖွယ်ရှိပြီး ရောဂါကူးစက်မှု မြင့်မားလျက်ရှိသော နိုင်ငံ ၇ နိုင်ငံသို့ အစ္စရေးနိုင်ငံသားများ ခရီးသွားလာမှုကို တားမြစ်ရန် အစ္စရေးအစိုးရက ဧပြီ ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပူးတွဲထုတ်ပြန်ကြေညာချက်အရ သိရသည်။
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မေ ၁ ရက် နံနက်အစောပိုင်းက လေးထပ်ရှိသော လူမှုဖူလုံရေးဆေးရုံအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ COVID-19 လူနာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကန်ဘာရာ၊ မေ ၁ ရက် (ဆင်ဟွာ) နေရပ်ပြန်ခြင်းဆိုင်ရာ ခရီးသွားလာခွင့်တားမြစ်ချက်ကို ချိုးဖောက်သော အိန္ဒိယနိုင်ငံတွင် သောင်တင်နေသည့် သြစတြေးလျနိုင်ငံသားများ အနေဖြင့် ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Greg Hunt က ဆိုသည်။
မော်စကို၊ မေ ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov အား အမြောက်အမြားထုတ်လုပ်မှု စတင်လိုက်ပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်က ကြေညာခဲ့သည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်က ဧပြီ ၃၀ ရက်၌ အိန္ဒိယနိုင်ငံအပေါ် ခရီးသွားလာခြင်းကန့်သတ်မှုဆောင်ရွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပူလီအလမ်၊ အာဖဂန်နစ္စတန်၊ မေ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် မြို့တော် ပူလီအလမ် ရှိ ပြည်နယ်ဆေးရုံအပြင်ဘက် လူထူထပ်သောလမ်းမတစ်နေရာတွင် ဧပြီ ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျီနီဗာ ၊ မေ ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ဧပြီ ၃၀ ရက်၌ ကျင်းပပြုလုပ်သော အမေရိကတိုက်ကြီးများဒေသ COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမေရိကတိုက်ကြီးများဒေသ၌ စာရင်းထုတ်ပြန်ပြီးသည့် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်းမှာ ၆၂ သန်းကျော်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၁.၅ သန်းကျော်ရှိကာ...
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမှ အသွားအပြန် စီးပွားဖြစ်နိုင်ငံတကာလေယာဉ်ခရီးစဉ်များအား မေ ၃၁ ရက်အထိ ဆက်လက်ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဧပြီ ၃၀ ရက်တွင်ပြောသည်။
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃,၀၀၁ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူစုစုပေါင်း ၄၀၁,၁၈၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။