Connect with us

ASEAN

ထိုင်းနိုင်ငံတွင် အနံ့ခံထောက်လှမ်းသည့် ခွေးဖြင့် COVID-19 ရောဂါကူးစက်ခံထားရသူကို စစ်ဆေးမှု စမ်းသပ်ဆောင်ရွက်သွားမည်

လစ်သူယေးနီးယား နိုင်ငံ Vilnius မြို့တွင် ၂၀၁၉ ခုနှစ်၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ခွေးပြပွဲတွင် Labrador Retriever အမျိုးအစားခွေးများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက် ၊ မေ ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် ဦးဆောင်သည့် COVID-19 ရောဂါ ကူးစက်ခံထားရသူအား အနံ့ခံထောက်လှမ်းသည့် ခွေးဖြင့် စစ်ဆေးမည့် သုတေသနစီမံကိန်းအရ Labrador Retriever အမျိုးအစား အနံ့ခံထောက်လှမ်းပေးသော ခွေး ၆ ကောင်သည် မေလ မှ စတင်၍ ဘန်ကောက်တွင် တရားဝင်စတင်တာဝန်ထမ်းဆောင်သွားဖွယ်ရှိပြီး အနံ့ခံမှုမှတစ်ဆင့် လူများ COVID-19 ရောဂါ ကူးစက်ခံထားရခြင်း ရှိမရှိကို အတည်ပြုရန်ကူညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၌ ချူလာလောင်ကွန်းတက္ကသိုလ် တိရစ္ဆာန်ဆေးကုသရေးဌာန နှင့် ဆေးပညာဌာန တို့က အဆိုပါစီမံကိန်းအား တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။ ချူလာလောင်ကွန်းတက္ကသိုလ် တိရစ္ဆာန်ဆေးကုသရေးဌာန လက်ထောက်ပါမောက္ခ ၊ စီမံကိန်းသုတေသနအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဆုံဖုန်း က လူ့ခန္ဓာကိုယ်တွင် COVID-19 ရောဂါပိုးကူးစက်ခံထားရပါက အငွေ့ပျံနိုင်သော အော်ဂဲနစ်ပစ္စည်း တစ်မျိုးထုတ်လုပ်နိုင်ပြီး အနံ့ခံအလွန်ကောင်းသောခွေးများက ယင်းပစ္စည်းကို ခွဲခြားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

အနံ့ခံထောက်လှမ်းပေးသည့် ခွေးများလုံခြုံမှုရှိစေရန် ၊ တစ်ချိန်တည်းတွင် စစ်ဆေးမှုဆောင်ရွက်သည့် လုပ်ငန်းစဉ်မြန်ဆန်စေရန် နှင့် ထိရောက်စေရန်အတွက် သုတေသနအဖွဲ့အနေဖြင့် ခွေးများအား ရောဂါပိုးကူးစက်ခံထားရသူများနှင့် တိုက်ရိုက်ထိတွေ့မှုမလုပ်စေခဲ့ကြောင်း ၊ ခွေးများအား လူ့ခန္ဓာကိုယ်မှ ချွေးများကို နမူနာယူကာ အထူးပြုလုပ်ထားသည့် ပစ္စည်းကိရိယာအတွင်းသို့ ထည့်၍ အနံ့ခံထောက်လှမ်းမှု ပြုလုပ်စေခဲ့ကြောင်း ၊ လေ့ကျင့်မှုပြုလုပ်ပေးထားသောခွေးများအနေဖြင့် အချိန် တစ်စက္ကန့် မှ နှစ်စက္ကန့် အတွင်း နမူနာပစ္စည်းတွင် COVID-19 ရောဂါပိုးရှိမရှိကို ခွဲခြားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သုတေသနဆောင်ရွက်သည့်အဖွဲ့က လေ့ကျင့်ပေးထားသော အနံ့ခံထောက်လှမ်းပေးသည့် ခွေး ၆ ကောင်အနေဖြင့် ရောဂါပိုးအားခွဲခြားပေးသည့် မှန်ကန်မှုရာခိုင်နှုန်းမှာ ၉၄.၈ ရာခိုင်နှုန်းရှိပြီး COVID-19 ရောဂါပိုးအား Nucleic acid ဖြင့်စစ်ဆေးသည့် မှန်ကန်မှုနီးပါးရှိကြောင်း အဆိုပြုခဲ့သည်။ ပါမောက္ခ ဆုံဖုန်း က အနံ့ခံထောက်လှမ်းသည့် ခွေးအားလေ့ကျင့်ပေးသည့် ရည်ရွယ်ချက်မှာ Nucleic acid စစ်ဆေးမှုအား အစားထိုးရန် မဟုတ်ဘဲ ကနဦးရောဂါစစ်ဆေးမှုဆောင်ရွက်သည့် အဆင့်တွင် အထောက်အကူဖြစ်စေရန်သာဖြစ်ကြောင်း ၊ ကနဦးစစ်ဆေးမှုအဆင့်တွင် အပူချိန်တိုင်း ကိရိယာဖြင့် ရောဂါလက္ခဏာ မပြသော ကူးစက်ခံထားရသူအား စစ်ဆေးတွေ့ရှိနိုင်ခြင်းမရှိသဖြင့် အနံ့ခံထောက်လှမ်းပေးသည့် ခွေးက လွန်စွာထိရောက်သောစွမ်းဆောင်မှုကို ပြုလုပ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆုံဖုန်း က မိမိတို့၏စာရင်းပြုစုချက်အရ နမူနာများ နေရာချထားပေးသည့် အခြေအနေအောက်တွင် အနံ့ခံထောက်လှမ်းပေးသည့် ခွေးတစ်ကောင်အနေဖြင့် တစ်နေ့လျှင် နမူနာပေါင်း ၂၀၀ မှ ၃၀၀ အထိကို ခွဲခြားပေးနိုင်ကြောင်း ၊ အနံ့ခံထောက်လှမ်းပေးသည့် ခွေးများအနေဖြင့် အချို့ဆေးရုံများ နှင့် ရောဂါစစ်ဆေးမှုနေရာများ၏ လုပ်ငန်းတာဝန်ကို အတိုင်းအတာတစ်ခုအထိ လျော့ကျလာအောင်ဆောင်ရွက်ပေးနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
(国际疫情)泰国将尝试用嗅探犬筛查新冠病毒感染者
2021-05-01 10:24:47 分类: 社会
  新华社曼谷5月1日电(任芊)一项由泰国朱拉隆功大学主导的新冠病毒嗅探犬研究项目日前宣布,6只拉布拉多嗅探犬有望于5月在曼谷正式“上岗”,通过嗅觉帮助识别人体是否感染新冠病毒。
  2020年9月,朱拉隆功大学兽医学院和医学院正式开启了这项名为“使用犬只嗅觉识别无症状新冠病毒感染者”的研究。朱拉隆功大学兽医学院助理教授、研究团队成员之一宋朋介绍说:“人体被新冠病毒入侵时,会产生一种挥发性有机物,嗅觉极其灵敏的狗可以识别出来。”
  为了保护嗅探犬的安全,同时确保识别过程快速和有效,研究团队并不让嗅探犬与被检测者直接接触,而是从人体获取汗液样本,装入特制的容器内让它们嗅探。经过训练的嗅探犬仅需1至2秒就可以识别出样本是否带有新冠病毒。
  据研究团队称,6只嗅探犬识别病毒的准确率可达94.8%,几乎与新冠病毒核酸检测持平。但宋朋表示,训练嗅探犬的出发点并非要取代核酸检测,而是作为病毒初期筛查阶段的一种辅助手段。因为一般使用的体温测量器无法检测出无症状感染者,而嗅探犬就能很好地发挥作用。
  “根据我们的统计,在样本就绪的情况下,每只嗅探犬每天可以识别200至300个汗液样本。”宋朋说,相信这些嗅探犬能在一定程度上缓解部分医院或检测站的工作压力。(
Photo
Labrador Retriever dogs are seen at an international dog show in Vilnius, Lithuania, on Dec. 21, 2019. Around 2,000 dogs from European and other countries were presented in the event lasting from Dec. 20 to Dec. 22. (Photo by Alfredas Pliadis/Xinhua)