နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင် ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေကြောင်းသိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က အသေပစ်ခတ်ဖမ်းမိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက်သတင်းများအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)၌ ဖေဖော်ဝါရီ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန့်မြို့ရှိ အဓိကဆေးရုံများ၌ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ရှန်ဟိုင်းစီးပွားရေးကုမ္ပဏီတစ်ခုမှ ပုံစံထုတ်ထားကာ ထုတ်လုပ်ထားသော ပိုးသတ်ဆေးဖျန်း စက်ရုပ် ၃၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရောဂါပြင်းထန်သူများအား ကုသရန် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၇ သန်းခန့်) ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း က တောင်ကိုရီးယား နှင့် တရုတ် နိုင်ငံ တို့ က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အိမ်နီးချင်း နိုင်ငံ အား ကူညီခြင်း သည် မိမိ...