Connect with us

ASEAN

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ ရှိ ဆေးရုံမီးလောင်မှုတွင် လူနာ ၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ မီးခိုးဖုံးလွှမ်းနေသော အဆောက်အအုံများအား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- Xinhua/Stringer)

မွမ်ဘိုင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွန်ဘိုင်းမြို့ Mumbra ဆင်ခြေဖုံး ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု ၌ ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၃း၄၀နာရီ တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ အနည်းဆုံးလူနာ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လူနာ ၄ဦး သေဆုံးခဲ့ပြီး၊ မီးလောင်မှုဖြစ်ပွားပြီးနောက် လူနာ၂၀ ဦး ကို အနီးဆုံးဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံရဲစခန်း၏ အဆိုအရ သိရသည်။အခင်းဖြစ်ပွားသည့် နေရာ၌ မီးသတ်ယာဉ်နှစ်စီးနှင့် ကယ်ဆယ်ရေးယာဉ်တစ်စီး ရောက်ရှိကယ်ဆယ်ခဲ့ကြောင်းသိရသည်။ မီးလောင်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အအေးခန်းများ လောင်ကျွမ်းခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် မီးလောင်ကျွမ်းခြင်းအကြောင်းအား သိရှိရန် လေ့လာစိစစ်လျက်ရှိကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၌ COVID-19 ဒုတိယလှိုင်း ဖြစ်ပွားစဉ်အတွင်း မီးမတော်တဆဖြစ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်တွင် မွန်ဘိုင်းမြို့၏ မြောက်ဘက် ၇၄ ကီလိုမီတာ အကွာ Virar မြို့ရှိ ပုဂ္ဂလိက COVID-19 ကုသရေးဆေးရုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ရာ လူနာ ၁၃ ဦးသေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် လတွင် မွမ်ဘိုင်းမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဆေးရုံတစ်ခုမီးလောင်မှုတွင် လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)

4 patients dead in hospital fire in India’s Mumbai
MUMBAI, April 28 (Xinhua) — At least four patients have died at a private hospital in Mumbra on the outskirts of India’s financial capital Mumbai, after a fire broke out early morning at 3:40 a.m. local time on Wednesday.
According to local police, four patients died while 20 patients from the hospital were shifted to a nearby hospital after the fire broke out.
Two fire engines and one rescue vehicle were at the spot. Fire had been brought under control and cooling operations were currently on, said a local police official.
Police are trying to ascertain the cause of the fire and probe is on.
India, which is the amid the second wave of the COVID-19, has witnessed several fatal accidents of fire.
Last week, 13 patients died at a private COVID-19 care hospital at Virar, 74 km north of Mumbai, following a fire, while another fire last month at a hospital in Mumbai suburbs saw nine deaths. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.