Connect with us

Asia

အိန္ဒိယနိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှုအသစ် မြင့်တက်လာပြီး သေဆုံးသူအရေအတွက် ၂၀၀,၀၀၀ အထိရောက်ရှိလာ

အိန္ဒိယနိုင်ငံ ပတ်တနားမြို့ရှိ စက်ရုံတစ်ရုံတွင် COVID-19 လူနာများအတွက် အောက်ဆီဂျင်ပြန်ဖြည့်ရန် ကျန်းမာရေးသုံး အောက်ဆီဂျင်အိုးအလွတ်များဖြင့် စီတန်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ဧပြီ ၂၈ ရက်၌၂၀၁,၁၈၇ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၃,၂၉၃ ဦးရှိခဲ့ရာ ယခုနှစ်အတွင်း တစ်ရက်တာ သေဆုံးမှုအများဆုံးလည်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဧပြီ ၂၇ ရက် နံနက်ပိုင်းမှစ၍ ရောဂါဖြစ်ပွားမှုအသစ် ၃၆၀,၉၆၀ ရှိခဲ့ရာ စုစုပေါင်း ၁၇,၉၉၇,၂၆၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ၌ ဖြည့်စွက်ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Goregaon ရပ်ကွက်တွင် ကာကွယ်ဆေးထိုးနှံရန် တန်းစီစောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယနိုင်ငံ၌ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှုမှာ အမြင့်ဆုံးလည်း ဖြစ်သည်။အိန္ဒိယနိုင်ငံတွင် ဧပြီ ၂၇ ရက်တွင် ရောဂါဖြစ်ပွားသူ ၉၆,၅၀၅ ဦးမြင့်တက်လာသဖြင့် လက်ရှိ ရောဂါဖြစ်ပွားနေသူ စုစုပေါင်း ၂,၉၇၈,၇၀၉ ဦး ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ဆေးရုံများ၌ ဆေးကုသမှုခံယူ၍ သက်သာပျောက်ကင်းသွားသူ ၁၄,၈၁၇,၃၇၁ ဦးရှိကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)

Update: India reports new highs in daily COVID-19 cases, deaths as death toll surpasses 200,000-mark
Source: Xinhua| 2021-04-28 13:18:28|Editor: huaxia
NEW DELHI, April 28 (Xinhua) — India’s death toll due to COVID-19 surpassed the 200,000-mark, reaching 201,187 on Wednesday, said federal health ministry.
As many as 3,293 deaths took place during the past 24 hours, which is the maximum for daily new deaths so far this year.
Besides, as many as 360,960 new cases were registered since Tuesday morning, taking the total tally to 17,997,267, added the data released by the federal health ministry.
This is the highest single-day spike in COVID-19 cases ever since the pandemic broke out in the country.
There are still a total of 2,978,709 active cases in the country, with an increase of 96,505 active cases through Tuesday, as 14,817,371 people have been cured and discharged from hospitals so far across the country.■
1- People stand with empty medical oxygen cylinders to get them filled for COVID-19 patients at a plant in Patna, India, April 27, 2021. (Str/Xinhua)
2- People wearing face masks stand in a queue for vaccination in Goregaon, a western suburb in Mumbai, India, April 26, 2021. (Str/Xinhua)