Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ပြင်းအား(၆.၄)အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ဧပြီ ၂၈ ရက် နံနက် ၇ နာရီ ၅၁ မိနစ်က ပြင်းအား(၆.၄)အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း အိန္ဒိယ ငလျင်ဗေဒဆိုင်ရာ အမျိုးသားစင်တာ(NCS)၏ ယင်းနေ့တွင် တိုင်းတာချက်များအရ သိရသည်။

ငလျင်သည် အာသံပြည်နယ် Sonitpur ခရိုင်(မြောက်လတ္တီတွဒ် ၂၆.၆၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၂.၃၆ ဒီဂရီ ) မြေအောက်အနက် (၁၇)ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း NCSက ဆိုသည်။ အဆိုပါလှုပ်ခတ်မှုအပြီး ဒေသစံတော်ချိန် ၇ နာရီ ၅၈ မိနစ်နှင့် ၈ နာရီ ၀၁ မိနစ်တွင် အင်အား (၄.၃)အဆင့် နှင့် (၄.၄)အဆင့်ရှိ နောက်ဆက်တွဲ ငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အဦအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အာသံပြည်နယ် တစ်ခုလုံးနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အခြားဒေသများတွင် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံးဒဏ်ရာရမှု စာရင်းကို မသိရှိရသေးကြောင်း ဒေသခံမီဒီယာများက ဆိုသည်။ အာသံပြည်နယ် ကျန်းမာရေဝန်ကြီး Biswa Sarmက ငလျင်ကြောင့် ကွဲအက်သွားသည့် အဆောက်အဦးနံရံများကို ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)
————————————
(Chinese Version)
(国际)印度发生6.4级地震
2021-04-28 13:17:08
  新华社新德里4月28日电(记者胡晓明)据印度国家地震中心28日测定,印度东北部阿萨姆邦当地时间28日7时51分发生6.4级地震。
 印度国家地震中心说,震中位于阿萨姆邦的索尼特布尔县(北纬26.69度,东经92.36度),震源深度为17公里。本次地震发生后,当地时间7时58分和8时01分又发生了震级为4.3级和4.4级的两次余震。
 据印度媒体报道,阿萨姆邦全境和印度东北部其他地区有震感,目前尚无确切的人员伤亡报告。阿萨姆邦卫生部长比斯瓦•萨尔马在社交媒体上发布了地震造成的房屋墙面出现裂缝的照片。(完)

图说: 这是4月28日在印度阿萨姆邦高哈蒂拍摄的地震后开裂的墙壁。