Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရေးပေါ်အသုံးပြုရန် ရုရှားနိုင်ငံထုတ် Sputnik COVID-19 ကာကွယ်ဆေးကို ခွင့်ပြု

ရုရှားနိုင်ငံ၏ Sputnik V ကာကွယ်ဆေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ရုရှားနိုင်ငံထုတ် COVID-19 ရောဂါတိုက်ဖျက်ရေး Sputnik V ကာကွယ်ဆေးအား တင်သွင်းရန်နှင့် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဗိုလ်ချုပ် Mahbubur Rahman က ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။အဆိုပါ ဆုံးဖြတ်ချက်သည် Oxford-AstraZeneca ကာကွယ်ဆေး ပထမအကြိမ်အသုံးပြုခြင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုင်းငံ့လိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အရေးပေါ်အသုံးပြုဖို့အတွက် ခွင့်ပြုချက်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု Rahman က သတင်းထောက်များအား ပြောကြားခဲ့သည်။အိန္ဒိယနိုင်ငံမှ နောက်ထပ် COVID-19 ကာကွယ်ဆေးတင်ပို့မှု ရောက်ရှိချိန်မှာ မသေချာဖြစ်နေသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတစ်ဝန်း ဧပြီ ၂၆ ရက်မှစတင်၍ AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ရပ်နားလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၆ သန်းနီးပါးရှိပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်း စတင်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ဇန်နဝါရီ ၂၈ ရက်က အွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ဧပြီ ၁၄ ရက်မှ စတင်အသက်ဝင်ခဲ့သော နိုင်ငံအတွင်း လက်ရှိဆောင်ရွက်နေသည့် လော့ခ်ဒေါင်း (lockdown) သတ်မှတ်ချက်အား နောက်ထပ်သီတင်းပတ်တစ်ပတ် တိုးချဲ့ကြောင်း ဆုံးဖြတ်ချက်ကို ဧပြီ ၂၆ ရက်က ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီ ၁၉ ရက်၌ COVID-19 ကြောင့် သေဆုံးသူ ၁၁၂ ဦးရှိခဲ့ရာ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ နေ့စဉ်ရောဂါဖြစ်ပွားမှု အများဆုံးလည်း ဖြစ်ကြောင်း အစိုးရက ပြောခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အသစ် ၃,၀၃၁ ဦးနှင့် သေဆုံးသူအသစ် ၇၈ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၇၅၁,၆၅၉ ဦးနှင့် သေဆုံးသူအရေအတွက် ၁၁,၂၂၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)

Bangladesh approves Russian COVID-19 vaccine Sputnik for emergency use

DHAKA, April 28 (Xinhua) — The Bangladeshi government has approved the import and use of Russia’s Sputnik V vaccine against COVID-19.
Major General Mahbubur Rahman, director general of the country’s Drug Administration, made the announcement on Tuesday.
The decision came days after Dhaka suspended the first dosing of the Oxford-AstraZeneca vaccine.
“We’ve given permission for the emergency use of the Russian COVID-19 vaccine,” Rahman told journalists.
Amid uncertainty over timely arrival of the next COVID-19 vaccine shipment from India, the Bangladeshi government halted administering first dose of the AstraZeneca vaccine across the country from Monday.
Nearly 6 million people have so far received the first dose of the vaccine in Bangladesh.
Prime Minister Sheikh Hasina on Jan. 28 virtually inaugurated the country’s COVID-19 vaccination drive.
The Bangladeshi government on Monday announced that it decided to extend the ongoing lockdown which began on April 14 for another week.
Bangladesh recorded 112 deaths from COVID-19 on April 19, its highest daily toll from the pandemic, the government said.
On Tuesday, the country’s Directorate General of Health Services (DGHS) reported 3,031 new cases of COVID-19 and 78 new deaths, bringing the number of total cases to 751,659 and the total death toll to 11,228. Enditem
Photo taken on Dec. 22, 2020 shows Russia’s Sputnik V vaccine at a plant in the Karaganda Region, Kazakhstan. Kazakhstan has started production of Russia’s Sputnik V vaccine against the COVID-19. (Photo by Kalizhan Ospanov/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.