Connect with us

North America

အပိုလိုအာကာသယာဉ်မှူး မိုက်ကယ်ကိုလင်း အသက် ၉၀ နှစ် အရွယ်တွင် ကွယ်လွန်

လကမ္ဘာသွား အပိုလို ၁၁ အာကာသယာဉ်မှူး မိုက်ကယ်ကိုလင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

၁၉၆၉ ခုနှစ်က လကမ္ဘာသို့ အောင်မြင်စွာ သွားရောက်နိုင်ခဲ့သော အပိုလို ၁၁ အာကာသခရီးစဉ်တွင် လိုက်ပါသွားသူ အာကာသယာဉ်မှူး သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့် အမေရိကန်နိုင်ငံသား အာကာသယာဉ်မှူးမိုက်ကယ်ကိုလင်း (Michael Collins) သည် ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်တွင် အသက် ၉၀ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ကိုလင်း၏ မိသားစုဝင်က တွစ်တာလူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြရာတွင် ၎င်းသည် “ ကင်ဆာရောဂါကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီးနောက်” ကွယ်လွန်သွားရှာဖြစ်ကြောင်း ဆိုသည်။ “ အနားမှာရှိတဲ့မိသားစုဝင်တွေနဲ့ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကို အေးအေးချမ်းချမ်းကုန်ဆုံးခဲ့ပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတအိုဘားမား (ရှေ့တန်းယာ)  ၊ အပိုလို ၁၁ အာကာသယာဉ်မှူးများဖြစ်ကြသော ဘတ်အယ်ဒင် ရှေ့တန်း(ဝဲ)  မိုက်ကယ်ကိုလင်း(ဒုတိယတန်းဝဲ) နှင့် နီးလ်အန်းစရောင်း (ဒုတိယတန်းယာ) တို့အား ၂၀၀၉ ခုနှစ် ဇူလိုင် ၂၀ ရက်က သမ္မတအိမ်ဖြူတော်၌ ပြုလုပ်သည့် လပေါ်သို့လူသားများခြေချခြင်း နှစ် ၄၀ ပြည့်အခမ်းအနားတွင် အတူတကွတွေ့ရစဉ်(ဆင်ဟွာ) 

“ မိုက်ဟာ သူ့ဘဝတစ်လျှောက်စိန်ခေါ်မှုတွေကို ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ပဲ အမြဲရင်ဆိုင်ကျော်လွှားခဲ့တာပါ ၊ အခုသူ့ရဲ့နောက်ဆုံး စိန်ခေါ်မှုကိုလည်း အဲဒီလိုနည်းလမ်းနဲ့ပဲ ရင်ဆိုင်ခဲ့ပါတယ် ၊ သူ့ကို ကြေကွဲစွာနဲ့ပဲ ကျနော်တို့ သတိရနေကြမှာပါ ” ဟု ဖြည့်စွက်ဖော်ပြထားသည်။

အီတလီနိုင်ငံရောမမြို့၌ ၁၉၃၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်တွင် မွေးဖွားခဲ့သော ကိုလင်းသည် ပထမဆုံးလကမ္ဘာခရီးစဉ်ဖြစ်သည့် ၁၉၆၉ ခုနှစ် ဇူလိုင်လက လွှတ်တင်ခဲ့သော အပိုလို ၁၁ အာကာသယာဉ်တွင် command module pilot အာကာသယာဉ်မှူးတစ်ဦးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ အာကာသယာဉ်မှူး နီးလ်အန်းစရောင်း နှင့် ဘတ်အယ်လ်ဒင်တို့ လမျက်နှာပြင်ပေါ်သို့ သမိုင်းဝင် ခြေချနေချိန်တွင် ကိုလင်းက အာကာသယာဉ်ကိုထိန်းချုပ်မောင်းနှင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Apollo astronaut Michael Collins dies at 90
WASHINGTON, April 28 (Xinhua) — American astronaut Michael Collins, one of the three members of the successful Apollo 11 mission to the moon in 1969, died Wednesday at 90.
In a statement posted on Twitter, Collins’s family said he passed away “after a valiant battle with cancer.”
“He spent his final days peacefully, with his family by his side,” said the statement. “Mike always faced the challenges of life with grace and humility, and faced this, his final challenge, in the same way. We will miss him terribly.”
Born in Rome, Italy, on Oct. 31, 1930, Collins served as command module pilot on Apollo 11 in July 1969, the first lunar landing mission. Collins orbited the moon while astronauts Neil Armstrong and Buzz Aldrin took their historic first steps on the lunar surface.

File photo taken on July 20, 2009 shows U.S. President Barack Obama (1st R) meets with crew members of the Apollo 11 Buzz Aldrin (1st L), Michael Collins (2nd L) and Neil Armstrong (2nd R) on the 40th anniversary of the first lunar landing of mankind at the White House in Washington, D.C., the United States. (Xinhua/Zhang Yan)