ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၃၇၄ ဒသမ ၄၅၄၃ တန်၊ တရားခံ ၂၀ ဦး နှင့် ယာဉ်၊ ယန္တရား အစီး ၂၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပေးပို့ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက် ယနေ့ (လွတ်လပ်ရေးနေ့)တွင် ထုတ်ဝေမည့်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများအား မြန်မာနိုင်ငံတော်ဗဟုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ဒီမိုကရေစီ စံချိန်စံနှုန်းများ၊ လူ့အခွင့်အရေးစံနှုန်းစံထားများ နှင့် ကိုက်ညီပြီး နိုင်ငံတော်၏ ပကတိအခြေအနေများ နှင့် ဆီလျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိပ်အမှတ် အခမ်းအနားအတွက်...
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) Wang Dewen ဆိုသည့် လက်သမားဆရာတစ်ဦးသည် ၎င်း၏ ချစ်လှစွာသော မြေးဖြစ်သူအတွက် သစ်သားဖြင့် ကစားစရာများ၊ အသုံးအဆောင်များကိုဖန်တီးပေးခဲ့သည်။ လက်ရာမြောက်လှသည့် ၎င်း၏ လက်ရာကြောင့် တရုတ်လူမှုကွန်ရက်များပေါ်တွင် ကျော်ကြားလျှက်ရှိသည်။ (Xinhua)
ဘေရွတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) နစ်ဆန်း (Nissan) အကြီးအကဲဟောင်း ကားလို့စ်ဂွန်း (Carlos Ghosn) က ၎င်းအနေဖြင့် ဂျပန်နိုင်ငံမှ လက်ဘနွန်နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်မှုတွင် ကိုယ်တိုင်လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၀ ခုနှစ်၊ မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက HPV ကင်ဆာဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမည့် ပထမဆုံး ပြည်တွင်းထုတ် ကာကွယ်ဆေးတစ်မျိုး ကို ထောက်ခံ အတည်ပြုခဲ့ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) ၏ ထုတ်ပြန်ချက် အရသိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ လူ၂၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။