ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက အိန္ဒိယနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး ကူညီရန် ငွေသား အကူအညီ အမေရိကန်ဒေါ်လာ ၁ သန်းအား ပေးအပ်ခဲ့ကြောင်း တရုတ်ကြက်ခြေနီဖောင်ဒေးရှင်း(CRCF)က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် မေ ၉ ရက် နံနက်ပိုင်းက မွေးနေ့ပါတီတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူကြီး ၆ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားမှာလည်း အခင်းဖြစ်နေရာ၌ပင် ၎င်းကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
ဘာလင်၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်က အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးအတွက် အုတ်မြစ်ချခြင်းဖြစ်ပြီး ဈေးကွက်ဝင်ရောက်ထိုးဖောက်ရာ၌ ပို၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ ပြောကြားချက်ကို ကိုးကား၍ AFPသတင်းတွင် ဖော်ပြထားသည်။
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင်...
နိုင်ရိုဘီ ၊ မေ ၉ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ ကမ်းရိုးတန်းမြို့ငယ် Lamu တွင် တရုတ်နိုင်ငံမှ တည်ဆောက်ထားသောပင်လယ်ဆိပ်ကမ်း၌ မေ ၂၀ ရက်တွင် ပထမဆုံး သင်္ဘော ဆိုက်ကပ်မည် ဖြစ်ကြောင်း ကင်ညာနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ) တရုတ်တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး (၃၀၈.၂၂၆)သန်း ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဂျူဘာ ၊ မေ ၉ ရက်(ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း အများအပြားသည် ဂျူဘာမြို့၌ တရုတ်ဘာသာစကား သင်ကြားရေးအတွက် ၈ သုတ်မြောက် ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များထံ မေ ၇ ရက်က စတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊မေ ၉ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကာကွယ်ဆေး၏ ကြီးမားသောအခန်းကဏ္ဍကို တွန်းအားပေးရန်အတွက် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မေ ၈ ရက်တွင် ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ တိုင်းမ်စကွဲရင်ပြင်တွင် မေ ၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် လူ(၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ မေ ၉ ရက်(ဆင်ဟွာ) ဂျေရုဆလမ်မြို့ အရှေ့ဘက်တွင် တည်ရှိသော Al-Aqsa ဗလီအား အစ္စရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်ပဋိပက္ခအတွင်း လူ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။