အန်ကာရာ ၊ မေ ၁၈ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၇၃၅ သန်းတန်ဖိုးရှိ စစ်လက်နက်များ ရောင်းချရန် ခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်အား တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan ကပြစ်တင်ဝေဖန်လိုက်သည်။
ပေကျင်း ၊ မေ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ထုတ်လိုက်ခြင်းသည် မျက်နှာလွှဲ လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း ၊ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကျိုးသာကြည့်သော ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အနာဂတ်လူသားမျိုးနွယ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေကြောင်း ၊ ဂျပန်နိုင်ငံအစိုးရ...
ကုလသမဂ္ဂ၊မေ ၁၈ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း သေဆုံးသူအရေအတွက်မှာ ၂၀၈ ဦး နှင့် ဒဏ်ရာရသူ အနည်းဆုံး ၁,၅၀၀ ဦး ခန့်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုအစီစဉ်များက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သက်ဆိုင်ရာဌာနများအနေဖြင့်တာဂျစ်ကစ္စတန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် လေကြောင်းကာကွယ်ရေးစနစ်တည်ဆောက်ရေး သဘောတူညီချက်ရေးထိုးရန်ရုရှားနိုင်ငံသမ္မတပူတင်က မေလ ၁၇ ရက်၌ အမိန့်ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ဗီယင်ကျန်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေး တာဝါတိုင် ၆၇ ခုစလုံး၏ တည်ဆောက်မှုများသည် ပြီးစီးသွားခဲ့ပြီဖြစ်ရာ စီမံကိန်း၏ အဓိကတိုးတက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ မေ ၁၇ ရက်(ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း Tauktae သည် ယနေ့ မေ ၁၇ ရက်တွင် အလွန်ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ အရှိန်မြှင့်လာခဲ့ပြီး အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းသို့ ညနေပိုင်းတွင် ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)က ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ဝယ်ယူခဲ့သည့် Sinovac COVID-19 ကာကွယ်ဆေး စတုတ္တအသုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ မေ ၁၆ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် လက်ရှိချိန်၌ မြို့ပြ နှင့် ကျေးလက်ဒေသများတွင် မသန်စွမ်းသူလက်မှတ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိထားသူ လူပေါင်း ၈.၆ သန်းကျော်ရှိပြီး နှစ်စဉ် မသန်စွမ်းသူပေါင်း ၄ သိန်းခန့်သည် အစိုးရမှ ထောက်ပံ့ပေးသည့် အသက်မွေးဝမ်းကြောင်းသင်တန်း စီမံကိန်းကို တက်ရောက်ခဲ့ကြကြောင်း တရုတ်နိုင်ငံ...
ကိပ်တောင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံရဲတပ်ဖွဲ့၏ မေလ ၁၆ ရက်ပြောကြားချက်အရ နိုင်ငံမြို့တော် ကိပ်တောင်းတွင် မေလ ၁၅ ရက်၌ သေနတ်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက်၊မေ ၁၇ ရက်(ဆင်ဟွာ) အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ယနေ့ မေ ၁၇ ရက်၌ တည်ရက်ထဲကူးစက်မှုသစ် ၁၀,၀၀၀ နီးပါးဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းအရ သိရသည်။