မော်စကို ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် နှင်ထုတ်သော အမေရိကန် သံတမန် ၁၀ ဦးထဲတွင် သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ရေဗက္ကာရော့စ်(Rebecca Ross)လည်း တစ်ဦး အပါအဝင် ဖြစ်ကြောင်း RIA Novosti သတင်းအေဂျင်စီက မေ ၁၂ ရက်တွင်...
ဂျေရုဆ လင်၊မေ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေး နှင့် ပါလက်စတိုင်းအကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ဟားမက်စ်တို့ထိန်းချုပ်ထားရာ ဂါဇာတွင် စစ်ပွဲအရှိန်မြှင့်တင်သွားရန် အစ္စရေးနိုင်ငံလုံခြုံရေးကက်ဘိနက်က မေ ၁၂ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ အစ္စရေးဘက်မှ ဂါဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ) အစ္စရေးဘက်မှ...
ပေကျင်း၊ မေ ၁၃ ရက်(ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် မေ ၁၀ ရက် ညပိုင်းမှစ၍ ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်သည်အထိ အရှိန်မြင့်လာခဲ့ရာ ပါလက်စတိုင်းဘက်တွင် လူပေါင်း ဒါဇင်နှင့်ချီသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သလို အစ္စရေးဘက်ကလည်း ဒဏ်ရရသူ ဒါဇင်နှင့်ချီ ရှိကြောင်း သိရသည်။...
ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါအခြေအနေဆိုးဝါးလာခြင်းသည် ၎င်းနိုင်ငံ၏စီးပွားရေးပြန်လည် နိုးထမှုကို နှောင့်နှေးစေရုံသာမက တစ်ကမ္ဘာလုံးရှိ လုပ်ငန်းစုံ၏ ထောက်ပို့ရေးကဏ္ဍကို သက်ရောက်မှုရှိစေမည်ဖြစ်သည်။
ခတ္တမန္ဒူ၊ မေ ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံရှိ မိသားစုတစ်ခုတည်းမှ ညီအစ်မသုံးဦးသည် ချိုမိုလန်းမားတောင်ထိပ်ပေါ်သို့ မေ ၁၂ ရက်တွင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ခြေချနိုင်ခဲ့သည့် ပထမဆုံး သွေးသားရင်းချာညီအစ်မများ ဖြစ်လာခဲ့ကြောင်း ၎င်းတို့၏ လေ့လာရေးခရီးစဉ်ကို စီစဉ်ပေးသောကုမ္ပဏီ၏ ပြောကြာချက်အရ သိရသည်။
ဗစ်တိုးရီးယား၊ မေ ၁၂ ရက် (ဆင်ဟွာ) Sinopharm မှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ထိရောက်မှု ရှိကြောင်း ဆေးရှဲနိုင်ငံသမ္မတ Wavel Ramkalawan က မေ ၁၀ ရက်တွင်ပြောကြားသည်။
လန်ဒန် ၊ မေ ၁၂ ရက် (ဆင်ဟွာ) မန်ယူ အသင်းသည် ပွဲထွက်ကစားသမား အခင်းအကျင်းများစွာ ပြောင်းလဲမှုဖြစ် မေ ၁၁ ရက်က အိမ်ကွင်း၌ Leicester City အသင်းအား ဧည့်ခံကစားခဲ့ရာ ၁ ဂိုး – ၂ ဂိုး ဖြင့် ရှုံးနိမ့်သွားသောကြောင့်...
ဂျီနီဗာ ၊ မေ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာအနှံ့တွင် အများအပြားအသုံးပြုနေသော တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးအား ဘေးကင်းမှု နှင့် ထိရောက်မှု နှစ်ခုလုံးအား ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကျန်းမာရေးထုတ်ကုန်များ လက်လှမ်းမီရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mariangela Simao ထံမှ သိရသည်။
ခတ္တမန္ဒူ ၊ မေ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အောက်စီဂျင်ဆလင်ဒါအိုးများ နှင့် အသက်ရှူစက်များ ပထမအကြိမ် တင်ပို့မှုသည် နီပေါနိုင်ငံသို့ မေ ၁၁ ရက်တွင် ရောက်ရှိခဲ့ပြီး ယင်းမှာ နီပေါနိုင်ငံ၌ COVID-19 လူနာများအတွက် အောက်စီဂျင် မလုံလောက်မှုကို လျှော့ချရာတွင် အထောက်အကူပြုကြောင်း နီပေါနိုင်ငံ...
တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက COVID-19 အတွက် COV-Iran Barekat ဟု အမည်ပေးထားသော ပြည်တွင်းဖြစ် ကာကွယ်ဆေးကို မေ ၁၁ ရက်တွင် အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။