ဝင်းလ်ဟိုခ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) နမီးဘီးယားနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံမှုကမ်ပိန်းအတွက် အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ COVID-19 ကာကွယ်ဆေး ပထမအသုတ် သည် မတ် ၁၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၌ ပြည်သူ ၄ ဒသမ ၂ သန်းကျော်မှာ တရုတ်နိုင်ငံ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက မတ် ၁၇ ရက်တွင်...
လန်ဒန်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် မတ် ၁၆ ရက်အထိ ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံပြီးသူ (၂၅,၂၇၃,၂၂၆)ဦး ရှိရာ စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံကျော်က ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ မတ် ၁၇ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အစ္စလာမ်မာဘတ်၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးဒုတိယအသုတ်ကို ပါကစ္စတန်နိုင်ငံက မတ် ၁၇ ရက်တွင် လက်ခံရရှိခဲ့ပြီး ယင်းကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် နိုင်ငံခြားသားများနှင့် ပြည်ပမှ ပြန်လာကြမည့် နိုင်ငံသားအချို့ ဝင်ရောက်မှုကို ယာယီကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့၌ မတ် ၁၆ ရက်တွင် ပစ်ခတ်မှု သုံးခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဒါကာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် အဓိကဆေးရုံတစ်ရုံရှိ ကိုဗစ် လူနာများ ကုသပေးသော အရေးပေါ်ကုသဆောင်တွင် မတ် ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနာသုံးဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစ္စတန်ဘူလ် ၊ မတ် ၁၇ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာနသတင်းထောက်များ၏ သတင်းပေးပို့ချက် အရ အစ္စရေးနိုင်ငံတွင် COVID-19 ပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သောကြောင့် မတ် ၁၆ ရက်မှစတင်၍ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပေးမှုတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများက COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းအား ဆက်လက်၍ တွန်းအားပေးဆောင်ရွက်ခဲ့ကြကြောင်း...
ဝါရှင်တန်၊ မတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နှင့်မက္ကဆီကိုနယ်စပ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လူဦးရေသည် နှစ်ပေါင်း(၂၀)ကြာကာလတွင် အများဆုံးဖြစ်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသည့် အရွယ်ရောက်ပြီးသော တစ်ကိုယ်ရေသမားများနှင့်မိသားစုအများစုကို နယ်နှင်ခဲ့သော်လည်း အဖော်မရှိသည့်ကလေးငယ်များကို နယ်နှင်မှုများလုပ်ဆောင်မည်မဟုတ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas၏ မတ် ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
ဆန်တီရာဂို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း စတင်ခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပြီးသူ အရေအတွက်မှာ မတ် ၁၆ ရက်၌ ၅ သန်းကျော်ရှိလာသည့် သမိုင်းမှတ်တိုင်ဖြစ်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။