ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)၏ ဆောင်ရွက်မှုများသည် နောက်ဆုံးထုတ်ပြန်ခဲ့သော စက်မှုလုပ်ငန်းအချက်အလက်တွင် COVID-19 ရောဂါသက်ရောက်မှုမှ စီးပွားရေး ပြန်လည်နလံထူလာသည်နှင့်အမျှ ယခုနှစ် ပထမသုံးလပတ်တွင် တိုးတက်ခဲ့ကြောင်း သိရသည်။
ရောမ ၊ မေ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် နှင့် အီးယူ တို့က မေ ၅ ရက်၌ အွန်လိုင်းမှတစ်ဆင့် ပူးတွဲ ထုတ်ပြန်ကြေညာသည့် “၂၀၂၁ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအရေး အစီရင်ခံစာ” တွင်...
ဟောင်ကောင်၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိပြီဖြစ်ရာ ၎င်းတွင် အသက် ၁၆နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံနိုင်သူ (၁၅)ရာခိုင်နှုန်းပါဝင်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကွာလာလမ်ပူ ၊ မေ ၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံအစိုးရ က ယခုလ ၇ ရက် မှ ၂၀ ရက်အထိ နိုင်ငံမြို့တော် ကွာလာလမ်ပူတွင် အသွားအလာကန့်သတ်မှု ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဆောင်ရွက်မှုဖြင့် လတ်တလောရက်ပိုင်းတွင် COVID-19 ရောဂါ ထပ်မံကူးစက်မှုမြင့်တက်လာသည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေလ...
နယူးဒေလီ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယတွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနှုန်းက မလျော့သွားဘဲ ဆက်လက်မြင့်မားနေရာ ကပ်ရောဂါ တတိယလှိုင်းကို ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ သိပ္ပံဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် K. VijayRaghavan က မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မေ ၆ ရက် (ဆင်ဟွာ) ဥရောပ ဆေးဝါးအေဂျင်စီ (EMA) က တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား ပြန်လည်သုံးသပ်ခြင်း စတင်ပြီဖြစ်ကာ ဥရောပတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိရေး မျှော်မှန်းထားသည့် နောက်ဆုံးကာကွယ်ဆေး လျှောက်ထားမှုလည်း ဖြစ်သည်။
ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ငါးရက်ကြာ မေဒေးအားလပ်ရက်အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၂၃၀ သန်း သွားရောက်ခဲ့ပြီး ပြီးခဲ့သောနှစ်ထက် ၁၁၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ မေ ၅ ရက်ထုတ်ပြန်ချက် အရ...
ဂျီနီဗာ၊ မေ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် ၄၅၀ ဦးကိုကယ်ဆယ်ခဲ့ကြောင်းနှင့် အီတလီနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း မေ ၄ ရက်က ကြေညာခဲ့သည်။
ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်နလံထူလာချိန်တွင် တရုတ်နိုင်ငံ၏ ပစ်ကပ်ကုန်တင်ကားများ ရောင်းအားသည် မတ်လတွင် အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်ခဲ့ကြောင်း China Passenger Car Association (CPCA) မှ ဖော်ပြသည့် အချက်အလက်များအရ သိရသည်။
ရှန်ဟိုင်း၊ မေ ၅ ရက်(ဆင်ဟွာ) အကြိမ် (၃၀)မြောက် တရုတ်နိုင်ငံတကာစက်ဘီးပြပွဲကို ယနေ့(မေ ၅ ရက်)တွင် ရှန်ဟိုင်းမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး (၄)ရက်ကြာ ကျင်းပမည်ဖြစ်သည်။