ကျီလင်၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျီလင်ပြည်နယ် လုံချွန်းကျေးရွာလေးသည် ဝေးလံခေါင်ဖျားသည့် ချန်ပိုင်ဆန်းတောင်ခြေတွင် တည်ရှိရာ ယခုနှစ်ပိုင်းများတွင် ကျေးရွာရှိလူငယ်လူရွယ်များ တစ်ရပ်ခြားသို့သွား၍ အလုပ်လုပ်ကိုင်ရာ ကျေးရွာအမြဲတမ်းနေလူဦးရေတွင် သက်ကြီးပိုင်းများသောကြောင့် ကျေးရွာတွင် နွမ်းပါးသည့်မိသားစုများ ရှိကြကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးသည့် မြန်မာ့ရိုးရာလက်ဝှေ့ သုံးနိုင်ငံစိန်ခေါ်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖရိကဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှုအခြေအနေကို သိရှိနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး များဆောင်ရွက်ရန် အသိပေးနှိုးဆော်ချက်အား ထုတ်ပြန်ခဲ့သည်။
ချန်တူး ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် က ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း အချိန်တွင် စီချွန်း ပြည်နယ် ချန်တူး မြို့ တွင် ကျင်းပ ပြုလုပ်သည့် (၇) ကြိမ်မြောက်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ဖောင်တော်ဦးမြတ်စွာဘုရားကိန်းဝပ် စံပယ်တော်မူသည့် အင်းလေးကန် အနောက်ပတ်လမ်း ၂၆ မိုင်ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘိုးရင်း(Boeing) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်(CEO) Dennis Muilenburg သည် ရာထူးမှ နုတ်ထွက်ကြောင်း နှင့် ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌ David Calhoun အား အမှုဆောင်အရာရှိချုပ်အဖြစ် ဒါရိုက်တာ ဘုတ်အဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံ၏ လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ ဘိုးရင်းက...
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ လူ ၁၂၀ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင်သစ် တန် ၁၆၅,၀၀၀ ကျော်ဖမ်းဆီးရမိ ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ (ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တစ်နှစ်တာ ဘောလုံး အကောင်းဆုံးဘောလုံး ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။