Connect with us

Europe

နယူးဇီလန်နိုင်ငံတွင် ပြင်းအား ၈.၁ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးအဆင့်လျှော့ချ၊ ဘေးကင်းရာပြောင်းရွှေ့ရေးညွှန်ကြားချက်များ ဖြေလျှော့

နယူးဇီလန်နိုင်ငံ Whangarei မြို့ရှိ ကုန်းမြေမြင့်ပေါ်တွင် လူအများစုဝေးနေကြသည်ကို မတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Skykiwi/Handout via Xinhua)

ဝယ်လ်လင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အစိုးရက မြောက်ပိုင်းကျွန်း (North Island) ကမ်းလွန်ပင်လယ်ပြင်၌ တစ်ညအတွင်း အင်အားပြင်းငလျင်သုံးခုလှုပ်ခတ်ခဲ့ပြီးနောက် မတ် ၅ ရက်၌ ဘေးလွတ်ရာပြောင်းရွှေ့ရေး ညွှန်ကြားချက်များကို ဖြေလျှော့ရန် ကြေညာခဲ့ပြီး “ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြသော ပြည်သူများအားလုံးအနေဖြင့် ယခုအခါ အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက Kermadec ကျွန်းများအနီး မတ် ၅ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက အင်အား ၈.၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူများအား အနီးစပ်ဆုံး ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းကြရန်၊ ဆူနာမီအန္တရာယ်ကျရောက်နိုင်သော ဇုန်များအားလုံးမှ ထွက်ကြရန်နှင့် အာဏာပိုင်များထံမှ နောက်ထပ်သတင်းမကြားရမီတိုင်အောင် နေအိမ်အတွင်းနေထိုင်ခြင်းမပြုရန် လွန်ခဲ့သည့်နာရီအနည်းငယ်အကြာက တိုက်တွန်းခဲ့သည်။

နယူးဇီလန်နိုင်ငံ Whangarei မြို့ရှိ ကုန်းမြေမြင့်ပေါ်တွင် လူအများစုဝေးနေကြသည်ကို မတ် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Skykiwi/Handout via Xinhua)

Kermadec ကျွန်းများတွင် အကြီးဆုံးဖြစ်သော Raoul ကျွန်း၌ ဒေသစံတော်ချိန် နံနက် ၆:၄၁ နာရီက အင်အား ၇.၄ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း၊ မြောက်ပိုင်းကျွန်း (North Island)၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများ အပါအဝင် ကမ်းရိုးတန်းဧရိယာများစွာ၌ ငလျင်ဒဏ်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံ မြောက်ပိုင်းကျွန်း (North Island)၏ အရှေ့မြောက်ဘက်စွန်း Te Araro အရှေ့ဘက် ၉၅ ကီလိုမီတာခန့်တွင် ဒေသစံတော်ချိန် နံနက် ၂:၂၇ နာရီက အင်အား ၇.၁ ပမာဏရှိသော နောက်ထပ်ငလျင်တစ်ခုလည်း လှုပ်ခတ်ခဲ့ပြီး အကြီးအကျယ်လှုပ်ရမ်းခဲ့ကာ ဆူနာမီသတိပေးချက်များလည်း ထုတ်ပြန်ခဲ့ကြောင်း GeoNet NZ အရသိရသည်။

ယင်းငလျင်ကို ဒေသခံများက “ကြုံဖူးသမျှတွင် ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အပြင်းထန်ဆုံး” ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြပြီး နိုင်ငံရှိဒေသအတော်များများ၌ အကြီးအကျယ်လှုပ်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် ပျက်စီးမှုများကို စစ်ဆေးရန်အတွက် မြောက်ပိုင်းကျွန်း (North Island) အရှေ့ပိုင်းရှိ ရထားများနှင့် မီးရထားလမ်းများ ပိတ်သိမ်းရပ်နားထားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
New Zealand downgrades tsunami threat, lifts evacuation orders after 8.1-magnitude quake

WELLINGTON, March 5 (Xinhua) — The New Zealand government on Friday announced to lift evacuation orders and asked “all people who evacuated can now return” after three strong offshore quakes jolted the North Island one after another overnight.
A few hours ago, the National Emergency Management Agency urged local people to move immediately to the nearest high ground, out of all tsunami evacuation zones and not to stay at home until further message from the authorities, following a magnitude 8.1 earthquake near the Kermadec Islands on Friday morning local time.
Previously, another 7.4-magnitude quake jolted Raoul Island, the largest island of the Kermadec Islands, at 6:41 a.m. local time. Large coastal areas including the north and the east part of the North Island were affected.
Another massive 7.1-magnitude earthquake rattled at 2:27 a.m. local time, about 95 km east of Te Araroa, the far northeast point of the North Island of New Zealand, causing “severe” shaking and sparking tsunami warnings, reported GeoNet NZ.
The quake was defined as “terrifying” and “biggest one I’ve ever felt” by locals, causing severe shaking felt throughout much of the country.
Trains were halted and lines across eastern parts of the North Island closed ahead of track inspection for possible quake damage.■

Source: Xinhua| 2021-03-05 13:21:27|Editor: huaxia
WELLINGTON, March 5 (Xinhua) — The New Zealand government on Friday announced to lift evacuation orders and asked “all people who evacuated can now return” after three strong offshore quakes jolted the North Island one after another overnight.
A few hours ago, the National Emergency Management Agency urged local people to move immediately to the nearest high ground, out of all tsunami evacuation zones, or as far inland as possible and not to stay at home until further message from the authorities, following a magnitude 8.1 earthquake near the Kermadec Islands on Friday morning local time.
Previously, another 7.4-magnitude quake jolted Raoul Island, the largest island of the Kermadec Islands, at 6:41 a.m. local time. Large coastal areas including the north and the east part of the North Island were affected.
Another massive 7.1-magnitude earthquake rattled at 2:27 a.m. local time, about 95 km east of Te Araroa, the far northeast point of the North Island of New Zealand, causing “severe” shaking and sparking tsunami warnings, reported GeoNet NZ.
The quake was defined as “terrifying” and “biggest one I’ve ever felt” by locals, causing severe shaking felt throughout much of the country.
Trains were halted and lines across eastern parts of the North Island closed ahead of track inspection for possible quake damage.■

1- 2- People gather on high ground in Whangarei, New Zealand, March 5, 2021. (Skykiwi/Handout via Xinhua)