ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီဦးဆောင်သော အမေရိကန်အောက်လွှတ်တော်တွင် သမ္မတထရမ့်အား အာဏာအလွဲသုံးစားမှု နှင့် ကွန်ဂရက်အား ဟန့်တားမှု တို့ဖြင့်စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီဇင်ဘာ ၂၀ ရက်တွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း ကရင် ပြည်နယ် အစိုးရ အဖွဲ့ထံမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၇၆,၅၁၈ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးထိရှိကြောင်း ဒီဇင်ဘာ ၁၆ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ငှက်ဖျားရောဂါကင်းဝေးရေး ရည်မှန်းချက်များ ပြည်မီရေးအတွက် အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်း အသိပေးမှု ဗဟိုအဆင့်အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပြည်တွင်းလုံခြုံရေး၊ ပြည်ပလုံခြုံရေး ခွဲခြား၍ ရသည့်အခြေအနေ မရှိတော့ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးသည် ပြည်ပလုံခြုံရေးနှင့် ဆက်နွယ်နေသောကြောင့် အထူးအရေးကြီးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် ရဲအရာရှိကြီးများအား တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
မကာအို ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ရာထူးမှ အနားယူတော့မည့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန် (Chui Sai On) တို့သည် ဒီဇင်ဘာ ၁၈ ရက်ကတွေ့ဆုံခဲ့ကြောင်း နှင့် ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက မကာအိုအုပ်ချုပ်ရေးမှူးအဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခဲ့သည့်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့ Wyndham Grand ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာအစိုးရဌာနများမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင်...
မကာအို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗဟိုအစိုးရနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မကာအို၏ အောင်မြင်မှုများနှင့် တိုးတက်မှုများအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။