Connect with us

ASEAN

သီရိလင်္ကာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ရှစ်သောင်းကျော်အထိ ရှိ လာပြီး ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်း တွန်းအားပေးဆောင်ရွက်လျက်ရှိ

သီရိလင်္ကာ နိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က အမျိုးသားတစ်ဦးအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန်ကြေညာချက်အရ ဖေဖော်ဝါရီ ၂၃ ရက် ၁၀ နာရီအချိန်ထိ ပြီးခဲ့သော ၂၄ နာရီအတွင်း သီရိင်္လာနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅၁၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၈၀,၅၁၇ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါဖြင့် သေဆုံးရသူစုစုပေါင်း ၄၅၀ ဦးရှိကြောင်း ၊ နိုင်ငံအတွင်းရှိ ကပ်ရောဂါအန္တရာယ်များသည့် ဒေသများတွင် ပြည်သူလုထုအား ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ နိုင်ငံမြို့တော် ကိုလံဘိုမြို့သည် တစ်နိုင်ငံလုံးအတိုင်းအတာတွင် COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၂၇,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

သီရိလင်္ကာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၂၉ ရက်၌ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံးအသုတ်ကာကွယ်ဆေး ထိုးနှံမှု ခံယူရသူများက ရှေ့တန်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်း နှင့် ရဲတပ်ဖွဲ့ဝင်တို့ဖြစ်ကြကြောင်း ၊ ဖေဖော်ဝါရိ ၁၅ ရက် မှ စတင်၍ သီရိလင်္ကာနိုင်ငံတွင် အစိုးရ က ပြည်သူများအား ကာကွယ်ဆေးစတင်ထိုးနှံပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ကပ်ရောဂါ အန္တရာယ်များသည့် ဒေသများရှိ ရောဂါကူးစက်ခံရနိုင်ခြေများသူများကို ဦးစားပေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

သီရိလင်္ကာနိုင်ငံ အစိုးရ၏ စာရင်းပြုစုချက်အရ ဖေဖော်ဝါရီ ၂၂ ရက်အထိ နိုင်ငံအတွင်း လူပေါင်း ၃၃၀,၀၀၀ ကျော်ကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။ သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က လူများအားလုံးအနေဖြင့် ကာကွယ်ဆေး ထိုးနှံမှု ဆောင်ရွက်ပြီးသည်ဖြစ်စေ မပြီးခင်ဖြစ်စေ ကျန်းမာရေးလမ်းညွှန်ချက်များကို တင်းကျပ်စွာလိုက်နာသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံအနေဖြင့် ကနဦးပိုင်းအချိန်တွင် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေးအား ထိုးနှံခြင်းဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် အစိုးရအဖွဲ့အနေဖြင့် အိန္ဒိယ နှင့် ဗြိတိန်နိုင်ငံ မှ ကာကွယ်ဆေး အခုရေ ၁၀ သန်းကို ဝယ်ယူရန် ခွင့်ပြုပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သီရိလင်္ကာနိုင်ငံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သီရိလင်္ကာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်သော COVAX မှတစ်ဆင့် ရရှိမည့် ကာကွယ်ဆေးများလည်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

———————————————–
(English Version)

(国际疫情)斯里兰卡新冠病例超8万 推进接种疫苗

  新华社科伦坡2月23日电(记者唐璐)斯里兰卡卫生部23日发布的新冠疫情数据显示,截至23日10时,过去24小时新增确诊病例518例,累计确诊80517例,累计死亡450例。该国一些疫情高风险地区的民众已经开始接种新冠疫苗。
  据斯卫生部统计,首都科伦坡报告的确诊病例数在全国各地区中高居首位,累计超过2.7万例。
  斯里兰卡于1月29日启动新冠疫苗接种计划,首批接种人群为抗疫一线的医护人员和军警。2月15日,政府宣布向民众开放接种新冠疫苗,一些疫情高风险地区的易感人群率先接种。
  据官方统计,截至22日,斯里兰卡已有超过33万人接种疫苗。卫生部官员说,人们无论是否接种疫苗都需严格遵守卫生指南。
  斯里兰卡早期接种的疫苗来自印度。斯卫生部23日表示,内阁已经批准从印度和英国订购1000多万剂疫苗。此外据当地媒体报道,斯里兰卡通过世界卫生组织主导的“新冠肺炎疫苗实施计划”获取的疫苗也将抵达。(完)

Photo
2月15日,医务人员在斯里兰卡科伦坡为一名男子接种新冠疫苗。 新华社发(阿吉特•佩雷拉摄)