Connect with us

Science & Technology

လမျက်နှာပြင်မှ နမူနာပစ္စည်းများကို တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် ပြသထား

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် လမျက်နှာပြင်နမူနာများ ပါဝင်သောကွန်တိန်နာကို သိပ္ပံသုတေသနပညာရှင်များ လွှဲပြောင်းယူနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားပြတိုက်တွင် Chang’e-5 အာကာသယာဉ်မှ ပြန်လည်သယ်ဆောင်လာသော လမျက်နှာပြင်နမူနာပစ္စည်းများကို ပြသထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ကြေညာခဲ့သည်။

အဆိုပါ နမူနာများသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြတိုက်သို့ ရောက်ရှိလာခဲ့ပြီး ပြခန်းမှာ ပြင်ဆင်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အား သဘာဝဖန်သားနှင့်တူအောင်ပြုလုပ်ထားသည့် ကြည်လင်သော မှန်ဘောင်အခန်းတစ်ခုအတွင်း ထိန်းသိမ်းထားကြောင်း သိရသည်။

တရုတ်ရိုးရာ ကြေးထည်တစ်မျိုးဖြစ်သော Zun ပုံသဏ္ဍာန်ပြုလုပ်ထားသော အဆိုပါ အလုံပိတ်အခန်းသည် အမြင့် ၃၈.၄၄ စင်တီမီတာနှင့် အကျယ် ၂၂.၈၉ စင်တီမီတာရှိပြီး မြေကမ္ဘာနှင့် လကမ္ဘာကြား ပျမ်းမျှအကွာအဝေး ၃၈၄,၄၀၀ ကီလိုမီတာနှင့် ၂၂.၈၉ ရက်ကြာမြင့်သော လကမ္ဘာသွားအာကာသယာဉ်တာဝန် အသီးသီးကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

Chang’e-5 အာကာသယာဉ်၏ နမူနာပစ္စည်းသယ်ဆောင်လာသော အစိတ်အပိုင်းသည် လမျက်နှာပြင်မှ နမူနာ ၁,၇၃၁ ဂရမ်ကို ပြန်လည်ယူဆောင်လျက် ဒီဇင်ဘာ ၁၇ ရက်က ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————————————–
(English Version)

China national museum to exhibit lunar samples

BEIJING, Feb. 23 (Xinhua) — The National Museum of China on Tuesday announced that it would exhibit the lunar samples brought back by China’s Chang’e-5 probe.
The samples arrived at the museum on Monday and the exhibition is under preparation, according to the museum. They are preserved in a delicate container made of artificial crystal.
Designed in the shape of a Zun, a traditional Chinese bronze ware, the container is 38.44 cm high and 22.89 cm wide. The size refers to the average distance between the Earth and the moon of 384,400 km and the 22.89-day-long lunar probe task, respectively.
The return capsule of the Chang’e-5 probe landed on Dec. 17, retrieving about 1,731 grams of lunar samples. Enditem
– Scientific researchers transfer the container loaded with moon samples in Beijing, capital of China, Dec. 17, 2020. China’s Chang’e-5 probe retrieved about 1,731 grams of samples from the moon, according to the China National Space Administration. Scientists will carry out the storage, analysis, and research of the country’s first samples collected from the extraterrestrial object. (Xinhua/Jin Liwang)