Connect with us

ASEAN

ထိုင်းနိုင်ငံက Sinovac ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို ခွင့်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းဝတွင် ကျောင်းသားများ ကိုယ်ပူချိန်တိုင်း၊ လက်သန့်ရှင်းရေးလုပ်နေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakulက ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။

Sinovacကာကွယ်ဆေး၏ မှတ်ပုံတင်သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ဖြစ်ရာ Sinovacကာကွယ်ဆေး ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးသည်နှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း Anutinက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းဝတွင် ကျောင်းသားများ ကိုယ်ပူချိန်တိုင်း၊ လက်သန့်ရှင်းရေးလုပ်နေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းဝတွင် ကျောင်းသားများ ကိုယ်ပူချိန်တိုင်း၊ လက်သန့်ရှင်းရေးလုပ်နေသည်ကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ မှာယူထားသည့် Sinovac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါဆိုင်ရာ စီမံခန့်ခွဲရေးစင်တာ၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့ ထိုင်းနိုင်ငံတွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၉၅)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၂၅,၅၉၉)ဦး၊ အသစ်ထပ်တိုးသေဆုံးလူနာမရှိနှင့် စုစုပေါင်းသေဆုံးလူနာ (၈၃)ဦး၊ အသစ်ထပ်တိုး ရောဂါပျောက်ကင်းသူ (၈၅)ဦးနှင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသွားသူ (၂၄,၄၄၆)ဦး ရှိကြောင်း သိရသည်။ (Xinhua)
#Thailand,#-COVID-19,#Vaccine, #Xinhua, #ထိုင်း, #ကိုဗစ်-၁၉, #ကာကွယ်ဆေး, #ဆင်ဟွာ
———————————————–
(Chinese Version)

(国际疫情)泰国批准中国科兴新冠疫苗注册申请

 新华社曼谷2月23日电(任芊)泰国副总理兼公共卫生部长阿努廷23日在社交媒体上表示,泰国食品和药物管理局已于22日批准中国科兴新冠疫苗的注册申请。
  阿努廷说,科兴新冠疫苗注册的有效期为2021年2月22日至2022年2月21日。这意味着科兴新冠疫苗运抵泰国之后即可供当地民众接种。
 泰国订购的首批科兴新冠疫苗预计24日运抵该国。
泰国新冠疫情管理中心23日发布的数据显示,泰国当天新增确诊病例95例,累计确诊25599例;无新增死亡病例,累计死亡83例;新增治愈85例,累计治愈24446例。(完)
图说1 : 2月1日,学生在泰国曼谷一所学校门口接受体温检测并对手部进行消毒。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.