Connect with us

WORLD

ဆီနီဂေါနိုင်ငံတွင် တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော ဆီနီဂေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Souleymane Ndene Ndiaye အား တွေ့ရစဉ် (ဆင်ဟွာ)

ဒက်ကာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ပထမအဆင့်ကို ဖေဖော်ဝါရီ ၂၃ ရက်က တရားဝင်စတင်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှု ခြေလှမ်းသစ်တစ်ခု ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆီနီဂေါနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း စတင်ခြင်း အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်း ဝန်ကြီး Abdoulaye Diouf Sarr သည် ၎င်း၏ ဝန်ကြီးဌာန၌ သတင်းမီဒီယာများရှေ့တွင် COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော ဆီနီဂေါနိုင်ငံ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်း ဝန်ကြီး Abdoulaye Diouf Sarr အား တွေ့ရစဉ် (ဆင်ဟွာ

ဝန်ကြီးချုပ်ဟောင်း Souleymane Ndene Ndiaye ၊ နိုင်ငံခြားရေးဝန်ကြီး Aissata Tall Sall ၊ အမျိုးသားကျန်းမာရေးဝန်ကြီး Mamadou Talla ကဲ့သို့သော နိုင်ငံရေးသမားများနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော ဆီနီဂေါနိုင်ငံ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် Marie Khemesse Ngom Ndiaye အား တွေ့ရစဉ် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall က “မျှတမှုနှင့် ပွင့်လင်းမြင်သာရှိမှု” ဟူသော အချက်နှစ်ချက်ကို လေးစားရန် ၎င်းအား ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးက ကာကွယ်ဆေးထိုးနှံပြီးနောက် ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ Sinopharm ကာကွယ်ဆေး အလုံးရေ၂၀၀,၀၀၀ ကို နိုင်ငံအတွင်းရှိ ဒေသ ၁၄ ခုသို့ ဖြန့်ဖြူးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်း၏ နိုင်ငံသားများကိုလည်း တားမြစ်ချက်များကို လိုက်နာခြင်း၊ အကာအကွယ်နှာခေါင်းစည်းများကို တပ်ဆင်ခြင်း၊ ပုံမှန်လက်ဆေးခြင်းနှင့် လူစုလူဝေးများကို ရှောင်ရှားခြင်းဖြင့် COVID-19 တိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်ကြရန် Sarr က ပြောခဲ့သည်။

သမ္မတ Sall ကလည်း Sputnik V ကာကွယ်ဆေး ရရှိရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

“ဆီနီဂေါက မတ်လထဲမှာလည်း COVAX အစီအစဉ်ကနေ ကာကွယ်ဆေး ပထမအသုတ်ကို ရရှိမှာဖြစ်ပါတယ်။ ဆီနီဂေါနိုင်ငံသားတွေအားလုံး ကာကွယ်ဆေးထိုးနှံဖို့ ကျွန်တော်တို့ ဆက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဆီနီဂေါ ကျန်းမာရေးအာဏာပိုင်များသည် နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်း ပထမအဆင့်အတွက် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း၊ ယင်းအဆင့်တွင် ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၆၀ နှစ်အထက်နှင့် ကျန်းမာရေးအခြေအနေ အားနည်းသူများကို ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော ဆီနီဂေါနိုင်ငံ ကူးစက်ရောဂါပညာရှင် Moussa Seydi အား တွေ့ရစဉ် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်အထိ COVID-19 ကာကွယ်ဆေးထိုးနှံလိုသူတိုင်းကို ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
ဆီနီဂေါနိုင်ငံ သမ္မတ Macky Sall က ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် ပြည်သူများ ကာကွယ်ဆေးထိုးနှံရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် “ရောဂါကူးစက်နိုင်ခြေလျှော့ချရန်” ဆောင်ရွက်သွားမည့် လူထုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတစ်ရပ်ကို နိုင်ငံတကာရေဒီယိုတစ်ခုနှင့် တွေ့ဆုံမေးမြန်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ဆီနီဂေါနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂ ရက်တွင် ပထမဆုံး COVID-19 လူနာကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကျန်းမာလာသူ ၂၇,၆၉၄ ဦး၊ သေဆုံးသူ ၈၃၂ ဦး အပါအဝင် စုစုပေါင်း ရောဂါဖြစ်ပွားသူ ၃၃,၂၄၂ ဦး ရှိကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Senegal kicks off COVID-19 vaccination campaign with China’s Sinopharm vaccine
Source: Xinhua| 2021-02-23 22:05:36|Editor: huaxia
DAKAR, Feb. 23 (Xinhua) — Senegal on Tuesday officially began the first phase of COVID-19 vaccination, taking a new step in the crusade against the pandemic.
Senegalese Minister of Health and Social Action Abdoulaye Diouf Sarr received the first dose of COVID-19 vaccine in front of the press at his ministry, which symbolized the starting point of Senegal’s vaccination campaign.
Politicians, such as former Prime Minister Souleymane Ndene Ndiaye, Foreign Minister Aissata Tall Sall, Minister of National Education Mamadou Talla, and members of the health workers were also vaccinated Tuesday morning.
The Senegalese health minister said after vaccination that Senegalese President Macky Sall had instructed him to respect two things, “fairness and transparency.”
According to him, the 200,000 doses of Sinopharm vaccine are already distributed in all 14 regions of the country.
Sarr invited his compatriots to continue the fight against COVID-19 with respecting barrier gestures, wearing protective masks, washing hands regularly and avoiding gatherings.
He also revealed that President Sall is negotiating with Russia for having Sputnik V vaccine.
“During the month of March, Senegal will receive its first batch of vaccine from the COVAX initiative. We will continue, so that all Senegalese who must be vaccinated shall be,” he added.
For the first phase of the nation-wide COVID-19 vaccination campaign, Senegalese health authorities aim to vaccinate 20 percent of the Senegalese population. This phase targets frontline health workers, people over the age of 60 and people with underlying health conditions.
Senegal plans to vaccinate all those who wish to receive COVID-19 jabs by 2022.
This Tuesday morning, in an interview with an international radio, Senegalese President Macky Sall pleaded for a massive vaccination which would make it possible to immunize the populations and “reduce the risk of infection” against the spread of coronavirus.
Senegal, which reported its first confirmed case of COVID-19 on March 2, 2020, has so far recorded 33,242 positive cases, including 27,694 recoveries and 832 deaths. Enditem
1- Former Senegalese Prime Minister Souleymane Ndene Ndiaye is being vaccinated with China’s Sinopharm COVID-19 vaccine on Feb. 23, 2021, in Dakar, Senegal. (Xinhua/Xing Jianqiao)
2- Senegalese Minister of Health and Social Action, Abdoulaye Diouf Sarr, is being vaccinated with China’s Sinopharm COVID-19 vaccine on Feb. 23, 2021, in Dakar, Senegal. (Xinhua/Xing Jianqiao)
3- Senegalese General Director of Health, Marie Khemesse Ngom Ndiaye, is being vaccinated with China’s Sinopharm COVID-19 vaccine on Feb. 23, 2021, in Dakar, Senegal. (Xinhua/Xing Jianqiao)
4- Senegalese epidemiologist Moussa Seydi is being vaccinated with China’s Sinopharm COVID-19 vaccine on Feb. 23, 2021, in Dakar, Senegal. (Xinhua/Xing Jianqiao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.