Connect with us

ASEAN

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံနေသည့်ကြားမှ မေလအတွင်း တက္ကသိုလ်များ ပြန်လည်ဖွင့်မည်ဟု ကြေညာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ယာယီဈေးတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တက္ကသိုလ်များကို မေလ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Dipu Moni က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

တက္ကသိုလ်ခန်းမများကို မေလ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောခဲ့သည်။

ပြန်လည်ဖွင့်လှစ်မှုတွင် ဦးစားပေးအနေဖြင့် တက္ကသိုလ်များ၌ နေထိုင်သည့် ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများအားလုံးကို ကျန်းမာရေးဘေးကင်းမှု ဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းအဖြစ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း Moni က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဆရာ၊ ဆရာမများနှင့် အခြားသော ပညာရေးတာဝန်ရှိသူများကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန်အတွက် ပညာရေးဝန်ကြီးဌာနကို ပြောကြားထားကြောင်း အစိုးရအဖွဲ့ဝန်ကြီး Khandker Anwarul Islam က ပြောခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်က ဝန်ကြီးချုပ်နှင့်အတူ ပြုလုပ်သည့် ကက်ဘိနက်အစည်းအဝေးတွင် စာသင်ကျောင်းများနှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ ဆွေးနွေးမှုများ မကြာမီ ပြန်လည်စတင် ပညာရေးဝန်ကြီးဌာနအား ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဆောင်များအတွင်းသို့ ပြန်လည်ရောက်ရှိနိုင်ခွင့်ရနိုင်ရန် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ဆောင်ခဲ့ပြီးဖြစ်သဖြင့် စာသင်ကျောင်းများနှင့် ကောလိပ်များ ပြန်ဖွင့်လှစ်နိုင်ခြင်းရှိမရှိ၊ မည်သည့်အချိန်တွင်ဖွင့်လှစ်နိုင်မည်ကို အလျင်အမြန် သုံးသပ်ရန် ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်းက ၎င်းက ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည်သူ ၃ သန်းနီးပါးသည် COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့ပြီးဖြစ်ကာ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေးအတွက် နည်းလမ်းဖွင့်ပေးလျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေဖြင့် အခြေခံဦးစားပေးအဆင့်တွင် သင်ကြားရေးပညာရှင်များ အပါအဝင် ရောဂါကူးစက်နိုင်ခြေမြင့်မားသော အုပ်စုများမှ ပြည်သူ ၁၆.၉ သန်းအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်နှစ် မတ်လ ၁၇ ရက်မှစတင်၍ ပညာရေးဆိုင်ရာ အဆောက်အအုံများ ပိတ်ထားရန် အစိုးရက ညွှန်ကြားခဲ့သည်။

အဆိုပါ ပိတ်ထားမှုကို ထပ်ခါထပ်ခါ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက် ဖေဖော်ဝါရီ ၂၈ ရက်အထိ နောက်ဆုံးသက်တမ်းတိုးမှုသည် လတ်တလော အေးသောရာသီဥတု၌ COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လ ၈ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ်သည် ဘင်္ဂလားဒေ့ရှ်ရှိ ခရိုင်းအားလုံးနီးပါးသို့ ပျံ့နှံ့လျက်ရှိပြီး တရားဝင်အချက်အလက်အရ COVID-19 ကူးစက်မှုများအတွက် ကိန်းဂဏန်းမှာ ၅၄၃,၇၁၇ ဦးနှင့် သေဆုံးသူ ၈,၃၅၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၂ ရက်က COVID-19 ရောဂါအတည်ပြုလူနာ ၃၆၆ ဦးနှင့် သေဆုံးသူအသစ် ၇ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးချုပ်ရုံး (DGHS) က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း နမူနာ ၁၁,၁၀၃ ခုကို စစ်ဆေးကြောင်း တရားဝင်အချက်အလက်အရ သိရသည်။

ထို့ပြင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါမှ ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၄၉၂,၀၅၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း DGHS က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူအရေအတွက်နှုန်းမှာ ၁.၅၄ ရာခိုင်နှုန်းရှိပြီး ပြန်လည်ကျန်းမာလာသူနှုန်းမှာ ၉၀.၅၀ ရာခိုင်နှုန်း ရှိကြောင်း တရားဝင်အချက်အလက်အရ သိရသည်။ (Xinhua)

———————————————–
(English Version)

Bangladesh announces reopening universities in May amid vaccination rollout

DHAKA, Feb. 22 (Xinhua) — Bangladesh’s Education Minister Dipu Moni on Monday announced that universities in the country will reopen on May 24.
The university halls will reopen on May 17, the minister added.
Prior to the reopening, Moni said all the residential students, teachers and employees in universities will be vaccinated against COVID-19 as part of health safety measures.
Also Prime Minister Sheikh Hasina on Monday asked the country’s Education Ministry for ensuring first the inoculation of teachers and other education officials, said Cabinet Secretary Khandker Anwarul Islam.
He said Monday’s cabinet meeting with the prime minister also asked the Education Ministry to start soon discussions on the reopening of schools and colleges with all stakeholders.
He said an inter-ministerial meeting would be convened shortly to review whether or when to reopen schools and colleges as the countrywide vaccination rollout offered the opportunity for students to return to their educational institutions.
Nearly 3 million people in Bangladesh have so far taken the first doses of COVID-19 vaccine, paving the way for reopening universities.
The Bangladeshi government is planning to administer COVID-19 vaccines to 16.9 million people from varied high-risk groups including teaching professionals on a priority basis.
The government-ordered closure of educational institutions nationwide started from March 17 last year as part of the country’s efforts to halt the spread of the coronavirus epidemic.
The closure has been extended repeatedly and the latest extension from Feb. 14 to Feb. 28 was in a bid to contain the spread of COVID-19 in the current cold weather.
Since March 8, 2020, the coronavirus has spread to nearly every Bangladeshi district and the official data showed the national tally for COVID-19 infections has increased to 543,717 with 8,356 deaths so far.
Bangladesh recorded 366 new confirmed cases of COVID-19 cases and seven new deaths on Monday, the Directorate General of Health Services (DGHS) said.
The official data showed that 11,103 samples were tested in the last 24 hours across Bangladesh.
The total number of recovered patients from the coronavirus epidemic in the country rose to 492,059 including 692 new recoveries on Monday, said the DGHS.
According to the official data, the COVID-19 fatality rate in Bangladesh is now 1.54 percent and recovery rate is 90.50 percent. Enditem
A man wearing a face mask is seen at a makeshift market in Dhaka, Bangladesh, on April 30, 2020. Bangladesh on Thursday confirmed another five deaths from COVID-19, bringing the total number of fatalities in the country to 168 since March 18. Also on Thursday 564 more people were tested positive for COVID-19, bringing the total cases in the country to 7,667. (Str/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.