တောင်သာ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) Open Air တရုတ်ရုပ်ရှင်ပွဲတော်မှာ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများအနေဖြင့် တရုတ်ရုပ်ရှင်ယဉ်ကျေးမှုကို ပိုမို၍ သိရှိလာနိုင်ရန်ရည်ရွယ်ကာ မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလည်ပတ်စေရေးကို ကိုင်တွယ်ဆောင်ရွက်သည့် SEAGP/SEAOP ကုမ္ပဏီတို့၏ တရုတ်နိုင်ငံ အစုရှယ်ယာရှင်ဖြစ်သည့် CNPC ကုမ္ပဏီမှ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများတွင် တရုတ်ရုပ်ရှင်ဇာတ်ကားများ လိုက်လံပြသသည့်...
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရွာငံ မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်းပေါင်း ၇၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀၀,၀၀၀ ပြား အားဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေးဗဟိုကော်မတီ (CCDAC) ကယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ၏ ဒုတိယနေ့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်၌ ကမ္ဘောဒီးယား အသင်းကို ၁၃-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်...
အော့တဝါ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) ၏ လစ်ဘရယ်ပါတီက ၂၀၁၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ကနေဒါ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက် ဖော်ပြချက်အရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ အောက်တိုဘာ ၂၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီးမှ အရှိန် မထိန်း နိုင်ဘဲ လမ်းဘေးတွင် ရပ်တန့်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
ဒါကာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါရရှိသူ ၉ သောင်းကျော် ရှိရာ ၎င်းတို့အနက် ၁၀၄ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
တီဟီရန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mohammad Javad Zarif က အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုမြင့်တက်အောင် အမေရိကန်နိုင်ငံက ဖန်တီးလုပ်ဆောင်နေကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ချုံချင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဆီယံက အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ကြောင်း သိရသည်။
အယ်လ်ဆာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် Ejina Populus သစ်တောဥယျာဉ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြို်ငပွဲကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အယ်လ်ဆာ(Alxa) ဒေသခွဲ ၊ အေဂျီနာ(Ejina)တံခွန်နယ်တွင် အောက်တိုဘာ ၂၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဟာဆာ၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသရှိ ဂုဏ်သိက္ခာကြီးမားသော တိဘတ် ဗုဒ္ဓဘာသာစာပေများသင်ကြားပို့ချပေးသည့် စီရာဘုန်းတော်ကြီးကျောင်း(Sera) ကို ၁၄၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယခုအခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၀၀ ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။