Connect with us

Science & Technology

အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးယာဉ် “ထျန်းဝန်-၁(Tianwen-1)” ၏ ပျံသန်းမှုခရီး ကီလိုမီတာ သန်းပေါင်း(၄၀၀)ကျော်ရှိပြီဖြစ် ၊ ယခုနှစ်တွင် အင်္ဂါဂြိုလ်ပေါ်သို့ ဆင်းသက်မည်

“ထျန်းဝန်-၁(Tianwen-1)” စူးစမ်းလေ့လာရေးယာဉ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်က အာကာသအတွင်း ပထမဆုံးအကြိမ်အဖြစ် Selfie ဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

“ထျန်းဝန်-၁(Tianwen-1)”အာကာသစူးစမ်းလေ့လာရေးယာဉ်သည် ဇန်နဝါရီ ၃ ရက် ၆ နာရီ အချိန်အထိဆိုလျှင်(၁၆၃ရက်ကြာ ပျံသန်းပြီးဖြစ်ရာ ပျံသန်းမှုခရီးအကွာအဝေး ကီလိုမီတာ သန်းပေါင်း(၄၀၀)ကျော်ထိရောက်ရှိနေပြီဖြစ်ကြောင်း နှင့် ကမ္ဘာမြေမှ အကွာအဝေး ကီလိုမီတာ သန်းပေါင်း (၁၃၀)၊ အင်္ဂါဂြိုဟ်မှ အကွာအဝေး ကီလိုမီတာ(၈.၃)သန်း နေရာသို့ ရောက်ရှိနေကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)၏ ပြောကြားချက်များအရ သိရသည်။

အာကာသစူးစမ်းလေ့လာရေးယာဉ်၏ အခြေအနေမှာ တည်ငြိမ်နေပြီး အစီအစဉ်အရ တစ်လ ကျော်ကြာတွင် အင်္ဂါဂြိုဟ်သို့ အရှိန်ထိန်းချဉ်းကပ်၍ ဂြိုဟ်ပတ်လမ်းအတွင်းသို့ဝင်ရောက်ကာ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ထျန်းဝန်-၁(Tianwen-1)” စူးစမ်းလေ့လာရေးယာဉ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်က အာကာသအတွင်း ပထမဆုံးအကြိမ်အဖြစ် Selfie ဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာမှ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တင်ဆောင်ထားသော Long March-5 ဒုံးပျံအား ၂၀၂၀ ခုနှစ် ဇူလိုင် ၂၃ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် အာကာသသိပ္ပံနည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း အာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC)တွင် အာကာသသိပ္ပံနည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ထျန်းဝန်-၁(Tianwen-1)”သည် တရုတ်နိုင်ငံသီးခြား အာကာသ ဂြိုဟ်များအကြား သွားလာမှု(interplanetary travel) စူးစမ်းလေ့လာရေး၏ ပထမဆုံး ခြေလှမ်းဖြစ်ပြီး တစ်ကြိမ် လွှတ်တင်မှုဖြင့် “အင်္ဂါဂြိုဟ်အား ဝန်းရံပျံသန်းခြင်း၊ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် ဆင်းသက်ခြင်း ၊ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်တွင် လှည့်လှည်လေ့လာခြင်း”ဟူသော လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ (၅)တန်ခန့် အလေးချိန်ရှိသော “ထျန်းဝန်-၁(Tianwen-1)”အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို orbiter၊ lander နှင့် rover တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ လက်ရှိ orbiter ဂြိုဟ်ပတ်လမ်းတွင် ပြန်လည်စစ်ဆေးမှု(Self-check)များ ပြုလုပ်ရာတွင် systemအသီးသီးမှာ ပုံမှန်ဖြစ်ကြောင်း သိရသည်။(Xinhua)

#China, #Mars, #Tianwen-1, #Xinhua, #တရုတ်, #အင်္ဂါဂြိုလ်, #ထျန်းဝန်-၁, #ဆင်ဟွာ

——————————————-
(Chinese Version)

(“天问一号”探火)“天问一号”飞行里程突破4亿公里 今年将进入环火轨道并着陆火星

  新华社北京1月3日电(记者胡喆)记者从国家航天局获悉,截至1月3日6时,“天问一号”探测器已经在轨飞行163天,飞行里程突破4亿公里,距离地球约1.3亿公里,距离火星约830万公里。探测器姿态稳定,按计划将在一个多月后实施近火制动,进入环火轨道,准备着陆火星。
  “天问一号”任务是我国独立开展行星际探测的第一步,将通过一次发射实现对火星的“绕、着、巡”,即火星环绕、火星着陆、火面巡视。“天问一号”探测器总重约5吨,由环绕器和着陆巡视器组成,着陆巡视器主要包括进入舱和火星车。目前,环绕器已完成第三次在轨自检,各系统工作正常。(完)
图说(1-2)- 2020年10月1日, “天问一号”探测器首次深空“自拍” 五星红旗在太空闪耀新华社发(国家航天局供图)
图说(3)- 2020年7月23日,长征五号遥四运载火箭在中国文昌航天发射场点火升空,实施我国首次火星探测任务(天问一号任务)。
新华社记者 才扬 摄
图说(4-5)- 2020年8月2日,在北京航天飞行控制中心,航天科技人员在现场工作。 新华社记者 才扬 摄