ဘဂ္ဂဒက်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) လွန်ခဲ့သောရက်များက အီရတ်တွင် ဖြစ်ပွားခဲ့သော တူရကီ သံတမန်အရာရှိ တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူ တစ်ဦးကို ဇူလိုင် ၂၀ ရက်က အီရတ်နိုင်ငံ Kurdistanဒေသ Erbilမြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဒေသ အစိုးရက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်းများ၌ နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့် နေရာအမြောက်အမြား တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၁၅၀ ကျော် ရှိပြီဖြစ်ကြောင်း အိန္ဒိယမီဒီယာများ ၏ ဇူလိုင် ၂၀ ရက် သတင်းများအရ သိရသည်။
ဟောင်ကောင် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်ဒေသခံ သုံးသိန်းကျော်သည် ဇူလိုင် ၂ဝ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်မှုဆန့်ကျင်ကြောင်း နှင့် ရဲတပ်ဖွဲ့အား ထောက်ခံကြောင်း စုရုံးဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ချီကာဂို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့၌ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း အသီးသီး၌ နေရပ်စွန့်ခွာသူ ၂၂,၀၀၀ခန့်ရှိပြီး ယင်းတို့ကို အစိုးရအနေဖြင့် စိစစ်ထောက်ပံ့နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမောက်မြို့တွင် ဇူလိုင် ၁၉ ရက်က ကျပ် သိန်း ၁၅၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယိုဒီဂျနေရိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ၁၉၆၇ ခုနှစ်မှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နယူးယောက်မြို့တွင် အပူချိန်နှင့် စိုထိုင်းမှုသည် အပြေးပြိုင်ပွဲကျင်းရန်အတွက် လုံခြုံစိတ်ချမှု အခြေအနေမရှိသောကြောင့် ဇူလိုင် ၂၁ ရက်တွင် ကျင်းပရန် စီစဉ်ထားသော သုံးမျိုးစုံကစားနည်းပြိုင်ပွဲအား ဖျက်သိမ်းလိုက်ရကြောင်း ဒေသတွင်းမီဒီယာများ ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယတ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံအတွင်း အမေရိကန်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ လာရောက်အခြေစိုက်ခြင်းကို ဆော်ဒီဘုရင် ဆယ်လ်မန် ဘစ် အဗ္ဗဒူလာဇစ် အယ်လ်-ဆော့ (Salman bin Abdulaziz Al-Saud) က အတည်ပြုလိုက်ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဇူလိုင်လ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူ ၂၀၀၀ နီးပါး ရွှေ့ပြောင်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။