Connect with us

Politics, Law & Military

တရုတ် နိုင်ငံ BeiDou ဂြိုဟ်တု က ကမ္ဘာ အတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ BeiDou အမှတ် (၃) ဂြိုဟ်တု လမ်းကြောင်းပြစနစ်  တရားဝင်စတင်လည်ပတ် ခဲ့ပြီးနောက် တွင် တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က တရုတ် နိုင်ငံ ၏ BeiDou ဂြိုဟ်တု သည် တစ်ကမ္ဘာလုံး အတွက် ဖြစ်ပြီး တရုတ် နိုင်ငံ အတွက် သာမက ကမ္ဘာ အတွက်ပါ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက် ၌ ပြောကြား ခဲ့သည်။

ဇူလိုင် ၃၁ ရက် သည် တရုတ် နိုင်ငံ ပြည်သူလူထု တို့  နက်ရှိုင်းစွာ ဂုဏ်ယူခဲ့ရသည့် နေ့တစ်နေ့ ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ အနေဖြင့် BeiDou အမှတ် (၃) ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တု လမ်းကြောင်းပြ စနစ် တည်ဆောက်ပြီးစီးခြင်း နှင့် စတင်လည်ပတ် အသုံးပြုခြင်း အခမ်းအနား ကို တက်ရောက်ခဲ့ကာ စတင်လည်ပတ်ကြောင်း ကို ကြေညာ ခဲ့ကြောင်း ၊ BeiDou ဂြိုဟ်တုစနစ် က ကမ္ဘာအား အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ပြီး လူသားမျိုးနွယ် အား အကျိုးဖြစ်ထွန်းစေသည့် သမိုင်းစာမျက်နှာသစ် ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ BeiDou ဂြိုဟ်တုစနစ် က ကမ္ဘာပေါ်ရှိ အသုံးပြုသူများအတွက် အခြေခံလမ်းပြသည့် ဝန်ဆောင်မှု ၊ တစ်ကမ္ဘာလုံး အတိုင်းအတာ ဆက်သွယ်ရေး ဝန်ဆောင်မှု နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ဆောင်မှု တို့ကို ပေးအပ်သွားနိုင်မည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် BeiDou ဂြိုဟ်တု စနစ် က နိုင်ငံ နှင့် ဒေသပေါင်း ၂၀၀ ကျော် အား လွှမ်းခြုံထားနိုင်ခဲ့ပြီး အသုံးပြုသူ သန်း ၁၀၀ ကျော် အထိ ရှိလာကြောင်း ၊ နေ့စဉ် ဝန်ဆောင်မှုပေါင်း အကြိမ်ရေ သန်း ၂၀၀ ကျော် လုပ်ဆောင်ပေးနိုင်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း တစ်ဝက်ကျော်က BeiDou စနစ် အား စတင် အသုံးပြုနေပြီး ဖြစ်ကြောင်း ဝမ်းဝန်ပင်း က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က ကုလသမဂ္ဂ အာကာသ ဌာန အနေဖြင့်လည်း တရုတ် နိုင်ငံ အား ဂုဏ်ပြုသည့် ဗီဒီယိုဖိုင် ပို့ခဲ့ပြီး BeiDou ဂြိုဟ်တုစနစ် က ကမ္ဘာ့စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေးစေနိုင်သည် ဟု အသိအမှတ် ပြုခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ အာကာသ လုပ်ငန်းဆောင်ရွက်မှုများ သည် ကမ္ဘာ့လူသား ငြိမ်းချမ်းစွာ အာကာသ စူးစမ်းလေ့လာခြင်း နှင့် အသုံးပြုခြင်း အတွက် အရေးပါသော ကြိုးပမ်းအားထုတ်မှု ဖြစ်ပြီး ငြိမ်းချမ်းရေး အတွက်သာ အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း ၊ အာကာသ သည် လွန်စွာ ကျယ်ပြန့်ပြီး နိုင်ငံ အသီးသီး ပူးပေါင်းဆောင်ရွက်သွားမှု ပြုလုပ်နိုင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အပြန်အလှန် လေးစားသည်းခံခွင့်လွှတ်ပြီး တန်းတူညီမျှသည့် အခြေခံအောက် တွင် အာကာသ နယ်ပယ် ၌ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ပြုလုပ်သွားလိုပြီး အာကာသ ဖွံ့ဖြိုးတိုးတက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှုများအား မျှဝေသွားကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွက် တက်ကြွစွာ ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.