Connect with us

Europe

ဥရောပ သမဂ္ဂ ၏ အရေးယူပိတ်ဆို့မှု အပေါ် တုံ့ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergey Lavrov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ က ဥရောပ သမဂ္ဂ အား အင်တာနက် တွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည် ဟု အကြောင်း ပြ၍ ဥရောပ သမဂ္ဂ က ရုရှား နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခဲ့သည့် အပေါ် ရုရှား နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၃၁ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန က အီးယူ အနေဖြင့် ဇူလိုင် ၃၀ ရက် တွင် ရုရှား နိုင်ငံ က အီးယူ အား အင်တာနက် မှ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည် ဟု အကြောင်းပြ၍ ရုရှား နိုင်ငံ အပေါ် တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခဲ့ခြင်းသည် ပိတ်ဆို့မှုဆောင်ရွက်သည့် အကြောင်းပြချက် က အထောက်အထား လုံးဝ မရှိဘဲ လုပ်ကြံဖန်တီးထားသည့် အကြောင်းပြချက်ဖြစ်ကြောင်း ၊ အီးယူ ၏ ဆောင်ရွက်မှု က နားမလည်နိုင်ဘဲ ဝမ်းနည်းဖွယ်ကောင်းကာ အီးယူ ၏ ဆောင်ရွက်မှု နောက်ကွယ်တွင် နိုင်ငံရေး အရောင်အဆင်း များ ရှိနေသည် မှာ ပေါ်လွင်ကြောင်း ၊ အီးယူ ၏ ချစ်ကြည်ရေး ကို ထိခိုက်စေသော ဆောင်ရွက်မှု က နိုင်ငံခြားရေး ကဏ္ဍတွင် တုံ့ပြန်မှု ခံရမည် ဖြစ်ပြီး ရုရှား နိုင်ငံ အနေဖြင့် တုံ့ပြန် အရေးယူ ပိတ်ဆို့မှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ဒီဂျစ်တယ် နယ်ပယ် တွင် အင်တာနက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခြင်း က ရှောင်ရှား၍ မရနိုင်ကြောင်း ၊ သို့သော် ထိပ်တိုက်ရင်ဆိုင်မှု အား ဖြေရှင်းရာ တွင် နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်သည့် အခြေခံပေါ် တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ညှိနှိုင်းဆောင်ရွက်မှု နှင့် ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ဖြင့် အင်တာနက် နယ်ပယ် ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ ကို ချမှတ်သွားရမည် ဖြစ်ပြီး တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်း ပြုလုပ်ရမည် မဟုတ်ကြောင်း ၊ တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု ဆောင်ရွက်ခြင်း က အင်တာနက် တွင် ရှုပ်ထွေးမှုများ ဖြစ်ပွားစေမည် ဖြစ်ပြီး နိုင်ငံရေး အရ အတိုက်အခံ ဖြစ်မှု ဖြစ်ပွားစေမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။  (Xinhua)