Connect with us

Politics, Law & Military

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှု ကို ကုစားသည့် အနေဖြင့် ပြည်ပမှတင်သွင်းမည့် လူစီးမော်တော်ယာဉ်များကို အင်ဂျင်ပါဝါအလိုက်အခွန်လျှော့ချ

ရန်ကုန်မြို့ရှိ မော်တော်ကားအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှု ကို ကုစားသည့် အနေဖြင့် ပြည်ပမှတင်သွင်းမည့် လူစီးမော်တော်ယာဉ်များကို ယနေ့ သြဂုတ်လ ၁ ရက် မှ စ၍  အင်ဂျင်ပါဝါအလိုက် အခွန်ဖြေလျှော့ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာ ကို သြဂုတ် ၁ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ စီးပွားရေးတွေ အမြန်ဆုံး ပြန်လည်သွက်လက်လာဖို့ အတွက် ရည်ရွယ်ပြီးဆောင်ရွက်ဖြစ်တာပါ။ ပြည်ပက တင်သွင်းတဲ့ယာဉ်တွေနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ SKD စနစ်နဲ့သွင်းလာတဲ့ လူစီးကားတွေအကုန်ပါပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ပြည်ပမှတင်သွင်းလာသည့် လူစီးမော်တော်ယာဉ်များအား အခွန်များဖြေလျှော့ပေးရာတွင် အင်ဂျင်ပါဝါ 2000 CC နှင့်အောက်ကို  လက်ရှိအကောက်ခွန်နှုန်း ၃၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း သို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2001 CC နှင့်အထက် ကိုလက်ရှိအကောက်ခွန်နှုန်း ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သို့လည်းကောင်း SKD စနစ်ဖြင့်တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ 2000CC နှင့်အောက်ကို လက်ရှိအကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်း မှ သုည ရာခိုင်နှုန်းသို့လည်းကောင်း၊ အင်ဂျင်ပါဝါ 2001CC နှင့်အထက် ကို လက်ရှိအကောက်ခွန်နှုန်း ၂၀ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း သို့ လည်းကောင်း ၂၀၂၀ပြည့်နှစ် သြဂုတ်လ ၁ရက်နေ့ မှ စတင်၍ ဖြေလျှော့ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ကို  အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ မှ  ထုတ်ပြန်ခဲ့သည်။  (Xinhua)