ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) သမ္မတရှီကျင့်ဖိန် က ဒေသခံပြည်သူ့လွှတ်တော်များ နှင့် ၎င်းတို့ ၏ အမြဲတမ်းကော်မတီများ သည် ဒေသအခြေအနေများကို အခြေခံ၍ ဥပဒေ နှင့်ကြီးကြပ်ဆောင်ရွက်ခြင်းများကို တိုးတက်ရန် ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် ရန် ညွှန်ကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အဦတစ်ခုပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄ ဦးအထိရှိလာခဲ့ကြောင်း၊ လူ ၈ ဦးအားကယ်ဆယ်နိုင်ခဲ့ကာ ဆေးရုံတင်ခဲ့ရကြောင်း၊ အခြားသူ ၂ ဦးမှာ ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မွမ်ဘိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဘစ်ရှ်ကတ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ ဝန်ကြီးချုပ် Lee Nak-Yon သည် ကာဂျစ်စတန် နိုင်ငံ ၊ မြို့တော် ဘစ်ရှ်ကတ်(Bishkek) သို့ တရားဝင် ခရီးစဉ် အဖြစ် ဇူလိုင် ၁၇ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၂၀၁၁ မှ ၂၀၁၈ (ကိုးနှစ်)အတွင်း ၆၅ ရာခိုင်နှုန်းခန့် လျော့ကျလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။
တိုကျို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ဘက် ကျိုတိုမြို့ ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခု၏ မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက်များပြီး လူ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း ဒေသခံသတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။
ကမ်ပါလာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှ အမျိုးသမီးတစ်ဦးသည် ငါးအရောင်းအဝယ်ပြုလုပ်ရန် ယူဂန္ဓာနိုင်ငံသို့ လာရောက်ခဲ့ကာ ၎င်း၏နိုင်ငံသို့ပြန်ရောက်ပြီးနောက် အီဘိုလာရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ယူဂန္ဓာနိုင်ငံအတွင်းရှိနေစဉ် အဆက်အသွယ် ထိတွေ့မှုရှိခဲ့သူများအား စုံစမ်းနေကြောင်း ယူဂန္ဓာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ...
နေပြည်တော်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) ၂၀၁၉- ၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၏ စီးပွားရေး ရည်မှန်းချက်များအရ GDP ၇ ရာခိုင်နှုန်း တိုးတက် ရရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ အမျိုးသားစီမံကိန်း ဥပဒေကြမ်း...
ဂျာကာတာ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် South Halmaheraဒေသတွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်ကြောင့် လူအနည်းဆုံး ၆ ဦး သေဆုံးပြီး အခြားလူ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား...
ကုလသမဂ္ဂ ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) က ဇူလိုင်လ ၁၇ ရက် တွင် ကုလသမဂ္ဂ ၌ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး တစ်ရပ် တွင်...