Connect with us

Europe

ရုရှား နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ အား S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည် ထပ်မံ ရောင်းချပေးရန် စီစဉ်

တူရကီ နိုင်ငံ မြို့တော် တွင် S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် အား စမ်းသပ်နေစဉ် (ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အစိုးရ အမျိုးသား နည်းပညာ ကုမ္ပဏီ ဥက္ကဋ္ဌ Sergei Chemezov က ရုရှား နိုင်ငံ အစိုးရ အနေဖြင့် တူရကီ နိုင်ငံ အား S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် အား ထပ်မံရောင်းချ ပေးရန် စီစဉ်နေကြောင်း ဇူလိုင် ၂၈ ရက် ၌ ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတရုံး ၏ ထုတ်ပြန်ကြေညာချက်အရ Sergei Chemezov သည် ဇူလိုင် ၂၈ ရက်က ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ် ခဲ့ပြီး အစည်းဝေးတွင် ရုရှား နိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ် အတွင်း တူရကီ နိုင်ငံသို့ S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်များကို စောလျင်စွာ ပေးအပ်နိုင်ခဲ့ကြောင်း ၊ ယင်းရောင်းချမှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ ရှိပြီး ရုရှား နိုင်ငံ ၏ ပထမဦးဆုံးသော နေတိုး တပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအား  အကြီးစားပမာဏ လက်နက်ရောင်းချမှု ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံသို့ S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ် ထပ်မံ ရောင်းချသွားရန် အတွက် နှစ်နိုင်ငံ သက်ဆိုင်ရာ တို့က ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ သည် ၂၀၁၇ ခုနှစ် က S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက် တစ်ခု ကို လက်မှတ်ရေးထိုး ခဲ့သည်။ အမေရိကန် နှင့် နေတိုး တပ်ဖွဲ့ဝင် နိုင်ငံများ က တူရကီ နိုင်ငံ အား လက်နက် မဝယ်ယူရန် အကြိမ်ကြိမ် သတိပေးခဲ့ပြီး ယင်းစနစ် က အမေရိကန် နိုင်ငံ နှင့် မဟာမိတ် နိုင်ငံ တို့ ၏ F-35 တိုက်လေယာဉ် ကို ထောက်လှမ်းနိုင်သည် ဟု ပြောဆိုခဲ့သည်။ သို့သော် တူရကီ နိုင်ငံ က ရုရှား နိုင်ငံ နှင့် သဘောတူညီချက် ကို လိုက်နာခဲ့ပြီး S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ် ဝယ်ယူခြင်း သည် တူရကီ နိုင်ငံ ၏ အချုပ်အခြာအာဏာ ဆိုင်ရာ ကိစ္စရပ် ဖြစ်သောကြောင့် ပြည်ပ နိုင်ငံများက ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)