Connect with us

Science & Technology

ရုရှား နိုင်ငံ ၏ ပထမ ဦးဆုံးသော 5G လုပ်ငန်းလိုင်စင် စတင် ထုတ်ပေး

တရုတ် နိုင်ငံ ဟွာဝေ ကုမ္ပဏီ မှ တီထွင် ထုတ်လုပ်ထားသည့် 5G နည်းပညာ မိတ်ဆက်ပွဲ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ မိုလ်ဘိုင်းဆက်သွယ်ရေးစနစ် ကုမ္ပဏီ (MTS) က ဇူလိုင် ၂၈ ရက် ၌ ၎င်း တို့ ကုမ္ပဏီသည် ရုရှား နိုင်ငံ တွင် ပထမ ဦးဆုံးသော 5G လုပ်ငန်း လိုင်စင် ရရှိခဲ့သည့် ကုမ္ပဏီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက် တွင် လုပ်ငန်း လိုင်စင်ကို ရုရှား ဖယ်ဒရယ် ဆက်သွယ်ရေး ၊ ဆက်သွယ်ရေး နည်းပညာ နှင့် အများပြည်သူ မီဒီယာ ကြည့်ကြပ်မှု ဌာန မှ ထုတ်ဝေပေး ခဲ့ခြင်း ဖြစ်ကြောင်း ၊ MTS ကုမ္ပဏီ အနေဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ အထိ ရုရှား နိုင်ငံ အတွင်း ဒေသ ၈၃ ခု တွင် 5G ကွန်ရက် စတင် လုပ်ကိုင်နိုင်တော့မည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ကုမ္ပဏီ အနေဖြင့် 5G ကွန်ရက် စမ်းသပ်မှုများ ကို အမြန်ဆုံးဆောင်ရွက်နေပြီး မကြာမီတွင် လုပ်ငန်း ကုမ္ပဏီ များအတွက် 5G ဆက်သွယ်ရေး ဝန်ဆောင်မှု ကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

MTS ကုမ္ပဏီ ဥက္ကဋ္ဌ က ၎င်းတို့ ကုမ္ပဏီ မှ ထောက်ပံ့ပေးသည့် 5G ဆက်သွယ်ရေးလိုင်း သည် လုပ်ငန်း ကုမ္ပဏီ များ အတွက် AI နည်းပညာအသုံးပြုနိုင်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ ကုန်စည်ဆက်သွယ်ရေး ကွန်ရက် နှင့် စက်မှုလုပ်ငန်း အလိုအလျာက် လည်ပတ်မှု စသော နည်းပညာသစ် များ အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး လုပ်ငန်းကုမ္ပဏီများ ၏ ကုန်ထုတ်လုပ်မှု ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ၊ 5G နည်းပညာသည် ရုရှား နိုင်ငံ တွင် ပိုမို တွင်ကျယ်စွာ အသုံးပြုလာကြမည် ဖြစ်ပြီး ရုရှား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ရုရှား နိုင်ငံ အစိုးရ မှ ထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် မတိုင်မီ ရုရှား နိုင်ငံတွင် လူပေါင်း တစ်သန်း အထက်ရှိသော မြို့ကြီးတိုင်းတွင် 5G ကွန်ရက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.