Connect with us

WORLD

ကိုလံဘီယာ နိုင်ငံ တွင် တစ်ရက်အတွင်း လူပေါင်းသောင်းနှင့်ချီ၍ COVID-19 ရောဂါ ကူးစက်ခံရ

ကိုလံဘီယာ နိုင်ငံ ရှိ လမ်းများတွင် ပိုးသတ်ဆေး ဖျန်းနေမှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ ကျန်းမာရေး သုတေသန အကယ်ဒမီ ၏ ဇူလိုင် ၂၈ ရက် ထုတ်ပြန်ကြေညာချက် အရ ယင်းနေ့ တွင် နိုင်ငံ အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၀,၂၈၄ ဦး ရှိခဲ့ပြီး ယင်းမှာ နိုင်ငံ အတွင်း ပထမဦးဆုံး တစ်ရက်တည်းတွင် ကူးစက်ခံရသူ တစ်သောင်းကျော် အထိ ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ ကူးစက်ခံရသူ စုစုပေါင်း ၂၆၇,၃၈၅ ဦး အထိ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် အရ ကိုလံဘီယာ နိုင်ငံ တွင် COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၂၉၇ ဦး ထပ်မံ တိုးမြင့် ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၉,၀၇၄ ဦး အထိ ရောက်ရှိလာခဲ့ကာ ရောဂါ မှ ပြန်လည် သက်သာလာသူ ၁၃၆,၆၉၀ ဦး ရှိကြောင်း ၊ ကိုလံဘီယာ နိုင်ငံ အတွင်းရှိ ဒေသ ၃၃ ခု တွင် COVID-19 ရောဂါ ကူးစက်ခံရသူများ ရှိနေပြီး မြို့တော် ဘိုဂိုတာ တွင် ကူးစက်ခံရသူ ၉၁,၄၀၈ ဦး ရှိကြောင်းနှင့် တစ်နိုင်ငံလုံး စုစုပေါင်း ကူးစက်ခံရသူ ၏ သုံးပုံတစ်ပုံ ထိရှိကြောင်း သိရှိရသည်။

ကိုလံဘီယာ နိုင်ငံ သမ္မတ က ဇူလိုင် ၂၈ ရက် ညပိုင်း ပြောကြားရာတွင် လက်ရှိဆောင်ရွက်နေသော တစ်နိုင်ငံလုံး အတိုင်းအတာ မဖြစ်မနေ သီးသန့်ခွဲခြား ကာကွယ်မှု ဆောင်ရွက်ချက် ကို သြဂုတ်၃၀ ရက် အထိ တိုးမြှင့်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ကပ်ရောဂါ ဆိုးရွာစွာ သက်ရောက်မှု မဖြစ်ပွား သည့် မြို့များ တွင် လူစုလူဝေး မဖြစ်စေသည့် ပုံစံဖြင့် အချို့လုပ်ငန်းများ ကို တဖြည်းဖြည်း ပြန်လည် ဖွင့်လှစ်နိုင်ကြောင်း ၊ ရောဂါ ကူးစက်မှုများသည့် မြို့များတွင် ရောဂါ စစ်ဆေးမှု ကို တိုးချဲ့ဆောင်ရွက် သွားပြီး ထိတွေ့ဆက်ဆံမှု ရှိခဲ့သူများကို ခြေရာခံကာ သီးသန့်ခွဲခြားထားရှိသည့် ဆောင်ရွက်မှု များ ပြုလုပ်သွားရန် ရှိကြောင်းထုတ်ပြန်ကြေညာ ခဲ့သည်။

ကိုလံဘီယာ နိုင်ငံ တွင် မတ်လဆန်းပိုင်း ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ပြီး လတ်တလောရက်ပိုင်း အတွင်း လုပ်ငန်းပြည်လည် လည်ပတ်သည့် အတိုင်းအတာ ကို တိုးချဲ့ခဲ့သည် နှင့် အမျှ ရောဂါ ကူးစက်ခံရသူများလည်း မြင့်တက်လာခဲ့ကြောင်း ၊ ကိုလံဘီယာ နိုင်ငံ  မြို့အများ ရှိ ဆေးရုံ များ တွင် လူနာများဖြင့် ပြည့်နှက်နေပြီး မြို့တော် တွင် လုပ်ငန်း ပြည်လည်လည်ပတ်မှု ကို ရပ်ဆိုင်း လိုက်ရပြီး ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)