ရန်ကုန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) နိုင်ငံ နေရာ အနှံ့ရှိ စာသင်ကျောင်းများတွင် ဝေးလံသည့် နေရာများမှ လာရောက် ပညာ သင်ကြားနေသည့် ကျောင်းသား/သူများ သွားလာရေး အဆင် ပြေစေရန် Lesswalk အဖွဲ့မှ နှစ်နှစ် အတွင်း စက်ဘီး အစီးရေ ၁ သိန်းထိ...
ဆစ်ဒနီ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ၊ Kandrian ဒေသ ၏ မြောက်ဘက် ၂၅ ကီလိုမီတာ အကွာ တွင် ဇူလိုင် ၁၅ ရက် ၌ အင်အား ၆.၂ အဆင့် ရှိ ငလျင်တစ်ခုလှုပ်ရှား ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဌာန ၏တိုင်းတာချက်အရ...
နေပြည်တော်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရန် အချက်ပေါင်း ၃၇၆၅ ချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင် ၁၅ ရက် တွင် သတင်းဖော်ပြခဲ့သည်။
အော့တဝါ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Algonquin ပန်းခြံတွင် လာရောက်စခန်းချလည်ပတ်နေသော အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၂ ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာနေပြီဖြစ်ကြောင်း အွန်တာရီယိုပြည်နယ် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲမှုနှင့် ကားများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
လူဇင်ဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၃ နှစ်ရှိပြီဖြစ်သော အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် ဇူလိုင်လ ၁၃ ရက်တွင် အာဖရိကမှ အသစ်ဝင်ရောက်လာသည့် ဘီနင်နိုင်ငံ၊ ဂျီဘူတီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံပြီးနောက် အဖွဲ့ဝင်အင်အား ၁၀၀ အထိ တိုးချဲ့လာနိုင်ပြီဖြစ်ကြောင်း သိရသည်။
စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) ဗြိတိန်မှ ထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောသည် ဆီးရီးယားသို့ သွားရောက်ခြင်းမဟုတ်ဟု အီရန်က အာမခံပါက ပြန်လွှတ်ပေးမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးJeremy Hunt က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံလေတပ်သည် အမေရိကန်ထံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် နှစ်စင်းကို ဇူလိုင် ၁၄ ရက်တွင် ထပ်မံရရှိခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။