Connect with us

WORLD

ရိုမေးနီးယား နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၄ သောင်းကျော် ထိရှိလာ တစ်ရက်အတွင်း  ပထမဦးဆုံးအကြိမ် အဖြစ် ကူးစက်သူ တစ်ထောင်ကျော်ရှိ 

ရိုမေးနီးယား နိုင်ငံ မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ခရီးသည်များ သွားလာ လှုပ်ရှားနေသည် ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘူခါရက် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ရိုမေးနီးယား နိုင်ငံ အစိုးရ ၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ကြေညာချက်အရ ပြီးခဲ့သော ၂၄ နာရီ အတွင်း နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၁,၀၃၀ ဦး ရှိခဲ့ပြီး ပထမဦးဆုံး အကြိမ် တစ်ရက် အတွင်း ရောဂါကူးစက်ခံရသူ ထောင်ကျော် အထိ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၄၀,၁၆၃ ဦး ရှိပြီး သေဆုံးသူ ၂,၁၀၁ ဦး ရှိလာ ခဲ့ကြောင်း နှင့် ရောဂါ ခံစားနေရသူ ၁၃,၃၉၉ ဦး ရှိပြီး ၎င်းတို့ အနက် ၂၉၃ ဦး မှာ  စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။ 

စာရင်းပြုစုချက်များ အရ ပြီးခဲ့သော ၂၄ နာရီ အတွင်း ရိုမေးနီးယား နိုင်ငံ တွင် လူပေါင်း ၂၄,၈၇၇ ဦး ကို  COVID-19 ရောဂါ စစ်ဆေးမှု ဆောင်ရွက်ပေး ခဲ့ပြီး ပထမ ဦးဆုံး အကြိမ် တစ်ရက်အတွင်း လူပေါင်း ၂ သောင်းကျော်ကို  စစ်ဆေးမှုဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း နှင့် လက်ရှိတွင် စုစုပေါင်း လူ တစ်သန်း ကျော် ကို ရောဂါ စစ်ဆေးမှု ဆောင်ရွက်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။ 

ရိုမေးနီးယား နိုင်ငံ က မေလ လယ်ပိုင်း တွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ အရေးပေါ် အခြေအနေ အား ရပ်ဆိုင်းခဲ့ပြီး တဆင့်ခြင်း ဖြေလျှော့မှုများ ဆောင်ရွက်ပေး ခဲ့သဖြင့် ဇွန်လ လယ်ပိုင်း တွင် ကပ်ရောဂါ တစ်ကျော့ပြန် များစွာ ကူးစက်ခဲ့သည်။ စာရင်းပြုစုချက် များအရ ဇူလိုင် ၁ မှ ၂၂ ရက် အထိ ရိုမေးနီးယား နိုင်ငံ တွင် တစ်ရက်လျှင် လူပေါင်း ၇၀၀ ကျော် ထိ ရောဂါ ကူးစက်ခံခဲ့ရပြီး ယခင် လ တွင် တစ်ရက်လျှင် လူပေါင်း ၂၀၀ ကျော်သာ ကူးစက် ခံခဲ့ရကြောင်း သိရသည်။

ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် က ဇူလိုင် ၂၁ ရက် ၌ သက်ဆိုင်ရာ ကျန်းမာရေး ဌာန များအား ဆောင်ရွက်မှုများ ချက်ချင်း ပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး ရောဂါကူးစက်ခံရသူများ အား ဆေးရုံတက်စေခြင်း နှင့် အိမ်တွင်း သီးသန့်ခွဲခြား ကုသခြင်းဖြင့် ရောဂါပိုး ထပ်မံမပြန့်ပွားအောင်  ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။  (Xinhua)