Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးမှုန့်များနှင့် လက်နက်များ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၂,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးမှုန့်များနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်၊ ၀၉း၄၅ နာရီ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၁)ကျေးရွာအနီးရှိ မြေကြီးအတွင်းသိုဝှက်ထားသော ပလတ်စတစ်ပေပါများအတွင်းမှ ဆာလာအိတ်များ ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးမှုန့် အလေးချိန် ၃၂၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၂,၇၀၀ )နှင့် ပုလင်းများဖြင့်ထည့်ထားသည့် အနံ့ဆေးရည် ၈.၄ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၂၅,၂၀၀ ကျပ်)၊ M-22 ဒင်ခေါက်သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ 

၎င်းဖမ်းဆီးရမိမှုနှင့် စပ်လျဉ်း၍  မိုင်းတွမ်းနယ်မြေရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီး ရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.