Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် မဲဆန္ဒနယ်များကို  ဒေါက်တာဇော်မြင့်မောင် ထုတ်ဖော်ပြောကြား

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား လွှတ်တော်၌ ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလွှတ်တော် မဲဆန္ဒနယ်များမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ ဇူလိုင် ၂၃ ရက်တွင် နေပြည်တော်၌ မီဒီယာများအား ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လည်းကောင်း ၊ NLD ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ(၁)ဖြစ်သူ ဦးဝင်းမြင့်သည် တာမွေမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

“ဝန်ကြီးချုပ်တွေလည်း ယေဘုယျခြုံပြီး ပြောလိုက်ရင် သူတို့မှာ အခွင့်အရေးရှိတယ်။ မပြိုင်ရဘူးလို့ ကျွန်တော်တို့ ပြောခွင့် မရှိဘူး။ အဲဒီတော့ သူတို့လည်း ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ကြတယ်။ တော်တော်များများ ပြန်တင်ကြတယ်။ဝန်ကြီးချုပ်တွေလည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်း ကနေ လျှောက်လွှာတင်ထားပါတယ်။ ကျွန်တော်တို့လည်း ပြန်ရွေးထားတာ ရှိတယ်။”ဟု NLD ပါတီဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာ ဇော်မြင့်မောင်ကပြောကြားခဲ့သည်။ 

ယခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117