Connect with us

Politics, Law & Military

တရုတ် နိုင်ငံ တွင် ယခုနှစ် အတွင်း မြို့ နှင့် ခရိုင်း ၈၆ ခု အား သဘာဝဘေး အန္တရာယ် ဘက်စုံသုံးသပ် စစ်ဆေးမှုတာဝန် ပြီးစီးအောင် ဆောင်ရွက်မည်

တရုတ် နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေး ဌာန တွင် အစည်းအဝေး ကျင်းပပြုလုပ်နေသည် ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဌာန ၏ ထုတ်ပြန်ကြေညာချက် အရ တရုတ်နိုင်ငံတောင် ကောင်စီ အနေဖြင့် ပထမ အကြိမ် အမျိုးသား သဘာဝဘေး ဘက်စုံ သုံးသပ်စစ်ဆေးမှု ခေါင်းဆောင် အဖွဲ့ မျက်နှာစုံညီအစည်းအဝေး အား ဇူလိုင်လ ၂၂ ရက် တွင် ကျင်းပပြုလုပ် ခဲ့ပြီး ယခုနှစ် အတွင်း တရုတ် နိုင်ငံ ရှိ မြို့ နှင့် ခရိုင်း ၈၆ ခု အား သဘာဝဘေး အန္တရာယ် ဘက်စုံသုံးသပ် စစ်ဆေးမှု တာဝန် များ ကို ပြီးစီး အောင် ဆောင်ရွက်သွားရန် အတည်ပြုခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ အမျိုးသား သဘာဝဘေး ဘက်စုံ သုံးသပ်စစ်ဆေးမှု ခေါင်းဆောင် အဖွဲ့ ၏ ရုံးခန်းကို အရေးပေါ် စီမံခန့်ခွဲရေး ဌာန တွင် ထားရှိ ပြီး ခေါင်းဆောင်အဖွဲ့ ၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှု ကို တာဝန်ယူ ဆောင်ရွက်ကာ သုံးသပ်စစ်ဆေးမှု အား ညွှန်ကြားရန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် စီမံခန့်ခွဲရေး တာဝန်ရှိသူ ၏ ပြောကြားချက်အရ ပထမ အကြိမ် အမျိုးသား သဘာဝဘေး ဘက်စုံ သုံးသပ်စစ်ဆေးမှု လုပ်ငန်း က အကြီးစား နိုင်ငံတော် အင်အား သုံးသပ်စစ်ဆေးမှု တစ်ရပ် ဖြစ်ပြီး သဘာဝဘေး ကာကွယ်ကုသမှု စွမ်းရည်အား မြှင့်တင် သည့် အရေးပါသော အခြေခံ လုပ်ငန်း ဖြစ်ကြောင်း ၊ ယခု နှစ် အတွင်း မြို့ နှင့် ခရိုင် ၈၆ ခု အား ပြီးစီး အောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ် မှ ၂၀၂၂ ခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးစီး အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117