Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၅ သန်းကျော်အထိ ရှိလာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ထုတ်ပြန်

COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် အမေရိကန် ဥယျာဉ် တစ်ခု တွင် ပြည်သူလူထုများ သွားလာလှုပ်ရှားနေစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ် အချိန်ထိ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၅,၀၀၈,၀၄၆ ဦး အထိ ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်းနှင့်  သေဆုံးသူ စုစုပေါင်း ၆၁၇,၉၀၂ ဦး အထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

စာရင်းပြုစုချက်များအရ ကမ္ဘာပေါ် တွင် အမေရိကန် နိုင်ငံ က ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံ ဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ ၃,၉၁၉,၅၅၀ ဦး အထိ ရှိကြောင်း နှင့်  သေဆုံးသူ ၁၄၂,၃၅၀ ဦး ရှိကြောင်း ၊ ဘရာဇီး နိုင်ငံသည် အမေရိကန်နောက် ရောဂါ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ ၂,၁၅၉,၆၅၄ ဦး နှင့် သေဆုံးသူ ၈၁,၄၈၇ ဦး ရှိကြောင်း သိရသည်။ 

ထို့ပြင် ကမ္ဘာ့ပေါ် တွင် ရောဂါ ကူးစက်ခံရသူ ၃ သိန်း အထက်ရှိသည့် နိုင်ငံများမှာ အိန္ဒိယ ၊ ရုရှား ၊ တောင်အာဖရိက ၊ ပီရူး ၊ မက္ကဆီကို နှင့် ချီလီ နိုင်ငံ တို့ ဖြစ်ကြကြောင်း သိရသည်။  (Xinhua)