Connect with us

CHINA

ပေကျင်းမြို့တွင် အားကစားနေရာများ ပြန်လည်ဖွင့်လှစ်ရန်အတွက် လမ်းညွှန်ချက်အသစ်များ ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဘတ်စကတ်ဘောကစားနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် COVID-19 အရေးပေါ်တုံ့ပြန်ရေးကို အဆင့် ၃ မှ အဆင့် ၂ သို့လျှော့ချလိုက်သဖြင့် အားကစားနှင့် ကိုယ်ကာယလေ့ကျင့်ရေးနေရာများ ပြန်လည်ဖွင့်လှစ်ရန်အတွက် လမ်းညွှန်ချက်အသစ်များကို မြို့တော် အားကစားဗျူရိုက ဇူလိုင် ၂၁ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။  

အဆိုပါ လမ်းညွှန်ချက်တွင် ပါဝင်လေ့ကျင့် ကစားသူများ လက်ခံနိုင်စွမ်းကို ၅၀ ရာခိုင်နှုန်းအထိ ကန့်သတ်ထားခြင်းပါဝင်ကြောင်း၊ လာရောက်လေ့ကျင့်သူများအနေဖြင့် လေ့ကျင့်ချိန်ကို ၂ နာရီအထိ ကန့်သတ်ရန် လိုအပ်ခြင်း၊ ၎င်းတို့၏ ကျန်းမာရေးသင်္ကေတပြသရန်နှင့် အဆောက်အအုံအတွင်းသို့ ဝင်ရောက်ရာတွင် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် အဆောက်အအုံအတွင်း၌ လူချင်းခပ်ခွာခွာနေရန် လိုအပ်ကြောင်း သိရသည်။

ရေကူးခြင်း၊ စကိတ်စီးခြင်းနှင့် ရိုလာစကိတ်စီးခြင်းများအတွက် ဘေးကင်းသော လူချင်းခွာခွာနေရမည့် အကွာအဝေးမှာ တစ်ဦးနှင့်တစ်ဦး ၅ စတုရန်းမီတာထက်မနည်း ကွာဝေးရမည်ဖြစ်ပြီး အဆောက်အအုံအတွင်း ကစားရသော အားကစားများအနေဖြင့် ၄ စတုရန်းမီတာထက်မနည်းရှိရမည်ဟု ဗျူရိုက ဖြည့်စွက်ဖော်ပြထားသည်။

ထို့ပြင် ပုံမှန် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ချက်များကို အိမ်သာများနှင့် အများသုံးရေချိုးခန်းများ အပါအဝင် နေရာအားလုံးတွင် မကြာခဏ လုပ်ဆောင်သင့်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။  (Xinhua)