ဟာရာရီ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဆိုင်ကလုန်းမုန်တိုင်း Idai တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၄ဦးသေဆုံးခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရ်ှမီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်စစ်တပ် က အငြင်းပွားမှုများဖြစ်ပွားနေသည့် ကတ်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် ပျံသန်းနေသည့် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း မတ် ၁၆ ရက်ကပြောကြားခဲ့သည်။
ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန်သီဟာမိုနီ(Norodom Sihamoni) သည် ၎င်း၏မယ်တော် Norodom Monineath Sihanouk နှင့်အတူ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် တရုတ်နိုင်ငံ၊ပေကျင်းမြို့သို့ မတ်လ ၁၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။
ကွမ်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၌ ဆောင်းရာသီအားကစားလှုပ်ရှားမှု များပြားလာသည်နှင့် အမျှ နိုင်ငံ တောင်ပိုင်း တွင် စတုရန်းမီတာ ၇၅,၀၀၀ ကျယ်ဝန်းသည့် မိုးလုံလေလုံ စကိတ်စီးကွင်းကြီးတစ်ခု ကို ဇွန် ၁၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရစ်ချပ်ချ် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ခရစ်ချပ်ချ်မြို့တွင် ဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုတွင် သေဆုံးသူတစ်ဦး ထပ်မံတွေ့ရှိရရာ လက်ရှိတွင် သေဆုံးသူ ၅၀ ရှိပြီး လူ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ရဲဌာနချုပ်က မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။
ဂျကာတာ ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့ဖက်စွန်းရှိ ပါပူဝါပြည်နယ်တွင် မတ် ၁၆ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၄၂ ဦးကျော် သေဆုံးကာ အများအပြားပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီက ယနေ့(မတ် ၁၇ ရက်) တွင် ပြောကြားခဲ့သည်။
အန်ကာရာ၊ မတ် ၁၆ ရက် (ဆင်ဟွာ) အစ္စလာမ်နိုင်ငံ စစ်သွေးကြွအုပ်စုများနှင့် ပူးပေါင်းသည့်အတွက် သြစတြေးလျအမျိုးသားတစ်ဦးကို ထောင်ဒဏ် ၇နှစ်နှင့်၆လ ကျခံစေရန် တူရကီနိုင်ငံက မတ် ၁၅ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှေးဟောင်းတံတိုင်းကြီး၏ သုတေသန၊ ပြန်လည်ပြင်ဆင်မွမ်းမံရေးနှင့် ကာကွယ်ရေး ပညာရှင်တို့ပေါင်းစည်းထားသော ပထမဆုံး မဟာတံတိုင်း (Great Wall) ပြန်လည်ပြင်ဆင်မွမ်းမံရေး စင်တာအား မြို့တော် ပေကျင်းတွင် တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ်လ ၁၅ ရက် နံနက်ပိုင်းက နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့တွင် ကြောက်မက်ဖွယ် သေနတ်ပစ်ခတ်မှုဖြစ်ရပ်များအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ် ပတ်စီ ရတ်ဒီ (Pastsy Reddy) ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။