Connect with us

WORLD

COVID-19 ဆိုင်ရာ လေကြောင်း ကန့်သတ်ချက် ဖြေလျှော့ပေးခြင်းနှင့်အတူ တရုတ်နိုင်ငံသို့ နိုင်ငံတကာလေကြောင်းပျံသန်းမှုများ ပြန်လည်စတင်

ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ ပျံသန်းနေသည့် Lufthansa လေယာဉ်တစ်စင်းအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

 COVID-19 နှင့်စပ်လျဉ်းသည့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းနှင့်အတူ တရုတ်နိုင်ငံ ပြည်မကြီးသို့ နိုင်ငံတကာ လေကြောင်းလိုင်းပြေးဆွဲမှုများ ပြန်လည်စတင်နေပြီဖြစ်ဖြစ်ကြောင်း သိရသည်။

ဂျာမဏီ လေကြောင်းလိုင်း Lufthansa သည် ဇူလိုင် ၁ ရက်မှစတင်ကာ တစ်ပတ်လျှင် တစ်ကြိမ် Frankfurt မြို့ နှင့် ရှန်ဟိုင်းမြို့ အကြား ပျံသန်းမှုကို ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း နှင့် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် လအနည်းငယ်ကြာတွင် ယင်းမြို့နှစ်မြို့အကြား ပထမဆုံး လေကြောင်း  ပျံသန်း ပြေးဆွဲမှု ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဝင်ထွက်သွားလာနေသော ခရီးသည်များအား ဧပြီလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ) 

သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ ဩစတြေးလျ နှင့် ဆွစ်ဇာလန်- တရုတ် လေကြောင်းလိုင်း ပျံသန်းမှုများကို လာမည့် ရက်သတ္တပတ်များနှင့် ရှေ့လများတွင် ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း သိရသည်။ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တိုးတက်မှုရှိလာခြင်းနှင့်အတူ တရုတ်နိုင်ငံအနေဖြင့် မတ်လကုန်ပိုင်းတွင် ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာမှ ဝင်ရောက်လာသူများကို ဟန့်တားခြင်း အစီအစဉ်တစ်ခုဖြစ်သော လေကြောင်းလိုင်းတစ်ခုခြင်းစီအတွက် ခရီးစဉ်ပျံသန်းမှု တစ်ပတ်လျှင် တစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုသည့် “Five Ones” မူဝါဒကို မိတ်ဆက်ခဲ့ပြီး ယင်းလေကြောင်းကန့်သတ်မှုများကို ဇွန်လ အစောပိုင်းတွင် စတင်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။ 

လက်ရှိအခြေအနေတွင် ပုံမှန်လေကြောင်းပျံသန်းမှု ယာယီရပ်ဆိုင်းထားစဉ် နိုင်ငံအတွင်း ဝင်ရောက်လာသော ခရီးသည်သစ်များထံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှု ပမာဏမှာ မြင့်မားနေလင့်ကစား သတ်မှတ်ချက် ပြည့်မီသော မည်သည့် နိုင်ငံတကာလေကြောင်းလိုင်းမဆို တရုတ်နိုင်ငံသို့ တစ်ပတ်လျှင် တစ်ကြိမ် ပျံသန်းနိုင်ကြောင်း နှင့် အမေရိကန်လေယာဉ်များအနေဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းနိုင်ကြောင်း သိရသည်။ 

ပြီးခဲ့သော အပတ်က Delta Air Lines အမေရိကန် လေကြောင်းလိုင်းသည် ရှန်ဟိုင်းသို့ တစ်ပတ်လျှင် နှစ်ကြိမ် ပြန်လည်ပြေးဆွဲခဲ့ပြီး ဇူလိုင် ၈ ရက်တွင် အမေရိကန်လေကြောင်းလိုင်းများသည် ဆိုးလ်မြို့မှ တစ်ဆင့် ရှန်ဟိုင်းနှင့် ဆန်ဖရန်စ္စကို မြို့ အကြား ပြန်လည်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။  (Xinhua)