နေပြည်တော်၊ မတ်လ ၁၁ ရက်(ဆင်ဟွာ) ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားကြောင်း RCSS ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက ယနေ့ ပြောကြား သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
တိုကျို၊ မတ် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု အရှေ့ဘက်ကမ်းခြေအလွန်တွင် မတ် ၁၁ရက် က အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ ဌာနက ပြောကြားခဲ့သည်။
ဆူဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီနိုင်ငံအနီး ပင်လယ်ပြင်တွင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၂ မိနစ်က ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
အက်ဒစ်အဘာဘာ၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ဦးတည်ပျံသန်းစဉ် မတ် ၁ဝ ရက် နံနက်ပိုင်းက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။
ရှာအလာမ် ၊ မလေးရှား ၊ မတ် ၁၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦးအား ၂ဝ၁၇ ခုနှစ်တွင် မလေးရှားလေဆိပ်တစ်ခု၌ သတ်ဖြတ်ခဲ့မှုအတွက် တရားစွဲဆိုခံထားရသည့် အင်ဒိုနီးရှားအမျိုးသမီး Siti Aisyah အား ၂ဝ၁၉ ခုနှစ် မတ်၁ဝ ရက်တွင် ၎င်းအပေါ်စွဲဆိုထားသော ပြစ်မှုများကို အစိုးရရှေ့နေများက ပယ်ဖျက်ပေးခဲ့ပြီးနောက်...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် Global Grand Services(GGS) ကုမ္ပဏီမှ MDအပါအဝင် သုံးဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။