Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကာကွယ်ရေး တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေး၊ အခြေအနေ တည်ငြိမ်အေးချမ်းအောင် တွန်းအားပေး ဆောင်ရွက်ရန် သဘောတူညီမှုရရှိ 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၂၃ ရက်က ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကာကွယ်ရေးတပ်များသည် ဇွန် ၂၂ ရက်က နယ်စပ်ဒေသတွင် ဒုတိယ အကြိမ် တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ ယင်းမှာ ဇွန် ၁၅ ရက်  Gallowan မြစ်ချိုင့်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နောက်ပိုင်း ပထမဆုံးအကြိမ် တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၂၃ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ယခုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းသည် တရုတ်-အိန္ဒိယနှစ်နိုင်ငံလုံးသည် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို သင့်လျော်ပြေလည်စွာ ဖြေရှင်းလိုခြင်း၊ ထိန်းချုပ်လိုခြင်းနှင့်ဖြေလျော့လိုခြင်းကို ဖော်ပြကြောင်း ကျောက်လိကျန်းက ဆိုသည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက ပထမအကြိမ် တပ်မှူးအဆင့်ဆွေးနွေးပွဲ၏သဘောတူညီချက်ကို အခြေခံကာ လက်ရှိ နယ်စပ်ဒေသ စီမံထိန်းချုပ်မှုတွင် ဖြစ်ပေါ်နေသည့်ပြသာနာရပ်များကို  ရိုးသားပွင့်လင်းစွာဖြင့် အမြင်သဘောထားချင်း နက်နဲစွာ ဖလှယ်ခဲ့ကြရာ လိုအပ်သည့်နည်းလမ်းများနှင့် အခြေအနေ တည်ငြိမ်အေးချမ်းအောင် တွန်းအားပေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ၊ နှစ်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများမပြတ်ထားရှိကာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အားစိုက်မြှင့်တင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။(Xinhua)